မသန့်စင်သောကျောက်စက်နို့ရည်

1.6K 164 11
                                    

စု၀မ်သည် အိုးရန်ချုံး၏သဘောအား နားလိုက်ဟန်ခေါင်းငြိမ့်လိုက်သည်။
ထို့နောက် သိုလှောင်လက်စွပ်မှ မသန့်စင်သည့်ကျောက်စက်နို့ရည် တစ်လီတာခန့်နှစ်ဘူး
ထုတ်၍ပေးလိုက်သည်။

အိုးရန်မင်လည်း ကျောက်စက်နို့ရည်ကြောင့်
အနည်းငယ်အံအားသင့်သွားသည်။

မသန့်စင်သောကျောက်စက်နို့ရည်ပင်ဖြစ်ပါသော်လည်း အလွန်အဖိုးတန်နေဆဲဖြစ်သည်။
သန့်စင်လိုက်ပါက လီတာ၀က်ခန့်ရနိုင်သေးသည်။
ထိုအရာကိုသာ လေလံတင်မည်ဆိုပါက လေလံရုံလည်ပတ်ရန် အခွင့်အရေးကောင်းဖြစ်နိုင်သည်။

"ကျောက်စက်နို့ရည်ဆိုတာက သဘာ၀ရဲ့လက်ဆောင်တစ်ခုပဲ။
မသန့်စင်ရင်တောင် ရှားပါးနေသေးတယ်။လေလံပွဲတွေမှာ ကျောက်စက်နို့ရည်ထွက်ပေါ်မလာတာကြာခဲ့ပြီ။ မင်းဘာလို့ကိုယ်တိုင်မသုံးတာလဲ။"

အိုးရန်ချုံး၏စကားနှောက်ခြင်းအား သူမစိတ်မပူပေ။

"ကျွန်မမှာထပ်ရှိသေးတယ်။ဒါပေမဲ့ဆေးဖော်ဖို့အတွက် ချန်ထားတာ။
ရှင်တို့အိုးယန်ကလန်က ဆေးပညာရှင်တွေကိုကာကွယ်ပေးတယ်လို့ အကိုမင်ကပြောဖူးတယ်။
ဟုတ်တယ်မလား။"

စု၀မ်၏တည့်တိုးစကားကြောင့် အိုးရန်ချုံပင်
ဆွံအသွားရပြန်သည်။
စု၀မ်အနေဖြင့် ငြင်းဆန်လိမ့်မည်ဟုထင်ထားခဲ့သည်။
ပေါ်တင်ကြီး သူ့အားခြိမ်းခြောက်၍ လက်ခံလိုက်မည်ဟုထင်မထားပေ။

သို့သော်ခနအကြာတွင် စု၀မ်၏နောက်စကားလုံးအချို့အတွက် သူ၏ဦးနှောက်မှာလည်ပတ်လာသည်။

'ဆေးပညာရှင်လို့ပြောလိုက်တာလား။ ပညာသင်မဟုတ်ဘဲ ဆေးပညာရှင်'
တစ်စုံတစ်ယောက်က သူ့အား ၁၀နှစ်အရွယ်ကလေးမလေးကဆေးပညာရှင်ဆိုသည်ကို လာပြောပါက အသေသတ်မည်ဆိုလျှင်ပင် ယုံကြည်လိမ့်မည်မဟုတ်ပေ။

သို့သော် သူ့ညီ၏စိတ်ဓာတ်ကိုတော့ သူယုံသည်။
အိုးရန်မင်တစ်ယောက် သူ၏တံဆိပ်အားပေးသည်ဆိုပါက ထိုလူသည်အလွန်တမူထူးခြားလိမ့်မည်။

စု၀မ်တစ်ယောက် သက်ပြင်းချကာ အိုးရန်မင်ပေးလိုက်သည့် ဆေးတောင်ကြား၏ အမှတ် အသားပါ တံဆိပ်ပြားအား အိုးရန်ချုံး၏ရှေ့သို့ချပေးလိုက်သည်။

ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်Donde viven las historias. Descúbrelo ahora