လေးနှစ်အရွယ် လီစု၀မ်

1.8K 165 1
                                    

ဘာလိုလိုနဲ့ စု၀မ်‌မွေးဖွားလာသည်မှာ လေးနှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။

ဒီ‌အတောအတွင်း သူမကိစ္စတော်တော်များများအား နားလည်လာခဲ့သည်။
ကောင်းကင်ဘုံကုန်းမြေတွင် နယ်မြေကြီးငါးခုရှိသည်။တောင်ပိုင်းနဂါးကုန်းမြေ ၊မြောက်ပိုင်းဖီးနစ်ကုန်းမြေ၊အရှေ့ပိုင်း ချီလင်နှင့်အနောက်ပိုင်း
လိပ်နက် ကုန်းမြေတို့က အလယ်ဗဟိုရှိကောင်းကင်ဘုံအင်မော်တယ်ကုန်းမြေအား၀န်းရံလျက်ရှိသည်။
တောင်ပိုင်းနဂါးကုန်းမြေတွင် မြို့ကြီးလေးမြို့နှင့်ကျောင်းတော်တစ်ခုတည်ရှိသည်။
ထိုမြို့ကြီးအနက် လျှိုဝှက်ကောင်းကင်မြို့တွင် ၀မ်၊လီ၊မန်၊ဖုန်း မိသားစုကြီးလေးစုရှိသည်။

၀မ်ကလန်သည် အင်အားအကြီးဆုံးဖြစ်ပြီး
လီကလန်မှာမူ အကြွယ်၀ဆုံးကလန်ဖြစ်သည်။
မန်ကလန်သည် လျှိုဝှက်ကောင်းကင်မြို့တွင်အခြေအခိုင်ဆုံးမိသားစုဖြစ်ပြီး၊ဖုန်းမိသားစုသည် ထိပ်တန်းခန္ဓာကိုယ်၁၀ခုမှတစ်ခု ပိုင်ရှင်ဘိုးဘေးတည်ထောင်ခဲ့‌သော ကလန်ဖြစ်ပြီး မိသားစုလေးခုအနက်အားအနည်းဆုံးဖြစ်သည်။
ထို့ပြင်အလျှိုဝှက်ဆုံးကလန်လည်းဖြစ်နေသေးသည်။သူတို့၏ခွန်အား အားအတိအကျမသိသဖြင့်မစော်ကားရဲသောကလန်တစ်ခုလည်းဖြစ်သည်။

သူမ၏ဖခင်မှာ လီကလန်၏ ခေါင်းဆောင်ဖြစ်သည်။
ပုံမှန်အားဖြင့် စု၀မ်၏ဘ၀သည် ဆင်စီးပြီးမြင်းရံရမည်ဖြစ်သည်။
သို့သော်လီမိသားစု၀င်များသည် ရည်မှန်းချက်ကြီးပြီး မောက်မာလွန်းလှသည့် သူမ၏အမေအားနှစ်သက်ကြခြင်းမရှိကြပေ။

သူမဖခင်တွင်ဇနီးနှစ်ယောက်ရှိပြီး မန်မိသားစုမှသခင်မလေး မန်ချီနှင့် ဖုန်းမိသားစုမှသခင်မလေးဖုန်းရွှယ်အာတို့ဖြစ်သည်။

မဟာဆန်သည့်အဆင်းရှိပြီး ရေခဲကံကြမ္မာတာအိုခန္ဓာရှိသည့်မန်ချီသည် လီမိသားစုမှ သူများ၏ သခင်မအဖြစ်သတ်မှတ်ထားသူဖြစ်သည်။ သူမ၏မိခင်မှာမူ လွန်စွာလှပသော်လည်း ရိုင်စိုင်းမောက်မာလွန်းသည့်အပြင် ပါရမီမရှိသည်မို့ လီမိသားစုအကြီးအကဲများကနှစ်သက်ခြင်းမရှိသည့်အတွက် သူမဖခင်လီကျန်း၏နှစ်သက်ခြင်းခြင်းခံရ‌သော်လည်း အာဏာမရှိပေ။

ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်Onde histórias criam vida. Descubra agora