လုကလန်

1.6K 164 4
                                    

စု၀မ်အနေဖြင့် ဟန်ဖန်းနှင့်နောက်ဆုံးတွေ့ဆုံခဲ့သည်မှာ တစ်ပတ်ခန့်ပင်ရှိနေလေပြီ။

ဒီအပတ်အတွင်း၌ စာကြည့်တိုက်သို့သွား၍ သူမမသိသေးသည့်အရာများအား သေချာစွာလေ့လာခဲ့သည်။
သူမသိသောသတင်းအချို့မှာ အနှစ်၁၀သန်းခန့်နောက်ကျနေပြီဖြစ်ရာ ဒီရက်ပိုင်းအတွင်း အသစ်များအားလေ့လာရင်း ပန်ဒါမျက်၀န်းတစ်စုံအားပိုင်ဆိုင်လာသည်။

မနက်စောစောတွင်စု၀မ်တစ်ယောက် တစ်နှစ်ပတ်လုံးဖူးပွင့်နေတတ်သည့် မက်မွန်
ဉယျာဉ်ကြီးထဲတွင် အပန်းဖြေနေသည်။

မြသလင်းစားပွဲပေါ်တွင်ထိုင်ကာ နွေဦးနှင်းစက်ဝိုင်အား ဇိမ်ကျကျသောက်သုံးနေသည်။
ရှောင်ချိုကလေးကတော့ မက်မွန်တောထဲတွင် ပွင့်ဖက်ကလေးများအား လိုက်လံဖမ်းပြီးဆော့ကစားနေလေသည်။

ထိုအချိန်တွင် တောင်၏အစီအရင်စည်းအပြင်ဘက်မှ ဧည့်လာခေါင်းလောင်းက အသံထွက်ပေါ်လာသည်။

ချွင် ....ချွင်.....ချွင်

စု၀မ်လည်း အစီအရင်စည်းအား ဖွင့်ပေးလိုက်ပြီး
ဧည်သည်အားကြိုဆိုလိုက်သည်။

"စု၀မ်....ငါပါ လင်းရှင်း"
အဆိုပါကောင်မလေးမက ပန်းဇီရောင်၀တ်ရုံလေးအား၀တ်ဆင်ထားပြီး လေအလာတွင်လွင့်ပျံနေသည်။

လင်းရှန်း၏အသားအရေမှာ အလွန်လှပပြီး စင်ကြယ်နေသည်။
သူမကိုကြည့်ရသည်မှာ လှပပြီးသန့်စင်မှုအားခံစားရစေသည်။

"‌ထိုင်ပါအုံး ဘာများဖြစ်လို့လဲ"
သူမ လင်းရှန်းအားဖိတ်ကြားလိုက်ပြီး လာရင်းကိစ္စကိုတစ်ခါတည်းမေးလိုက်သည်။

ထို့နောက်အနည်းငယ်ရိုင်းသွားသည်ဟု ခံစားရတာကြောင့် ‌ လင်းရှန်းအတွက် ဝိုင်တစ်ခွက်ငှဲ့ပေးကာ အားတုံ့အားနာပြုံးလိုက်သည်။

လင်းရှန်း သူရှေ့မှဝိုင်အားတစ်ကျိုက်တည်းသောက်ပစ်လိုက်သည်။
ထိုဝိုင်ကမိန်းကလေးများအတွက် အထူးသင့်လျော်ပြီး လှပစေနိုင်ကြောင်းသူသိပေသည်။

ထို့နောက် သူမရောက်လာသည့်အကြောင်းအား
ရှင်းပြလိုက်သည်။
"ငါတာ၀န်ခွဲဝေရေးဌာနကိုသွားပြီး ဆေးဌာနအတွက် မစ်ရှင်ရှိမလားလို့ ရှာကြည့်မလို့
နင်ကောလိုက်အုံးမလားလို့ အဖော်လာရှာတာ"

ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်Tempat cerita menjadi hidup. Temukan sekarang