သခင်လေးဆိုသူ၏အသံကိုကြားသည်နှင့်
လင်းရှန်းချက်ခြင်းပင် ခေါင်းထောင်လာကာ ပျော်ရွှင်သွားသည်။
မည်သူမျှမရှိပါက သူမချက်ခြင်းပြေးဖက်လိုက်မည်ပင်။သို့သော်အကြီးအကဲများအား အလွန်ကြောက်ရွံသဖြင့် လင်းရှန်း၏မျက်နှာလေးမှာ ပျော်ရွှင်မှုနှင့်
၀မ်းနည်းမှုများ ရောဆက်နေသည်။စု၀မ်လည်း သခင်လေးဆိုသူအား ကြည့်လိုက်သည်။
ထိုသူ၏ကိုယ်မှ မြင့်မြတ်သောအော်ရာများထွက်ပေါ်နေပြီး ခန့်ညားမှုများက ပထမဆုံးတွေ့ဆုံမှုတွင်ပင် တစ်ဖက်လူကိုအမြင်ကောင်းဖြစ်စေနိုင်သည်။
လူကြီးလူကောင်းဆန်သော ရင့်ကျက်မှုမျိုးရှိနေပါသော်လည်း သူ၏ငယ်ရွယ်ချောမောမှုအား
အနှောက်အယှက်မဖြစ်ဘဲ ပို၍ပင်ထူးခြားပေါ်လွင်စေသည်။ထိုလူ၏အမူအရာကြောင့် စု၀မ်ခေါင်းငြိမ့်လိုက်သည်။
'လင်းရှန်းနှစ်သက်ရင်လည်း နှစ်သက်ချင်စရာဘဲ
သူကတကယ်လတ်ဆက်တဲ့အသားတုံးလေးပဲဟာ'
ထိုသည်မှာ စု၀မ်၏အတွေးဖြစ်ပြီး အပြင်ပန်းတွင်တော့ ထူးခြားစွာပြောင်းလဲခြင်းမျိုးမရှိချေ။"ဒီကဧည်သည်တော်တွေကို တွေ့ရတာ၀မ်းသာမိပါတယ်။
ကျွန်တော်က လုကလန်ရဲ့လုဇီပါ""ကိုကိုလုဇီ"
ဤသည်မှာလင်းရှန်း၏ ခေါ်သံဖြစ်သည်။လုဇီက လင်းရှန်းအား ပြန်လည်ပြုံးပြလိုက်သည်။
သို့သော် လူအိုကြီးများကတော့ မျက်မှောင်များ
ကြုံ့သွားသည်။"ကလန်ခေါင်းဆောင်၏မျက်နှာထားအား သတိထားမိသော သက်တော်စောင့်က သူ၏သခင်လေးအား အချက်ပြလိုက်သည်။
"ညီမလေးလင်းရှန်းတောင် သူငယ်ချင်းတွေရနေပြီပဲ။ ကောင်းပါတယ် ဒီနှစ်ဆေးဌာနကိုမိန်းကလေးနှစ်ယောက်တောင်ရောက်တယ်လို့
အကိုလည်း ကြားထားပါတယ်။"
လုဇီပြုံးနေရင်းဖြင့်ပင် စကားဆိုလာသည်။"ညီမလေး သူငယ်ချင်းနဲ့မိတ်ဆက်ပေးပါအုံး"
ထိုအခါမှ ရဲရဲနီနေသောမျက်နှာဖြင့် သတိလက်လွတ်ဖြစ်နေသော လင်းရှန်းတစ်ယောက်
အသိကပ်သွားသည်။
ESTÁS LEYENDO
ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်
Fantasíaလီစု၀မ်သည် သာမာန်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေဆို၍အိမ်ပြန်ချိန်တွင် အိမ်မှမိခင်ကထွက်ခွာသွားခဲ့သည်။ သူမမိခင်ထားခဲ့သောဖခင်၏အမွေပစ္စည်းလေးက စု၀မ်ရဲ့ဘ၀ကိုဘယ်လိုပြောင်းလဲသွားမလဲ။ သူမရဲ့ဖခင်ကကောဘယ်သူလဲ။ သူမရောက်ရှိသွားတဲ့ ကမ္ဘာမြေ...