အမည်မဲ့ဓားဟူသည် ကျင့်ကြံသူများထဲတွင်
ခန့်မှန်းရအခက်ဆုံး လူစားမျိုးဖြစ်သည်။
သူ၏ဝါသနာက ပြဿနာအားမီးခွက်ထွန်းရှာတတ်သည့် သခင်လေး၊သခင်မလေးများအား
သတ်ဖြတ်ခြင်းဖြစ်ရာ ထိုဝါသနာကပင် သူ့ကိုပိုမိုပေါ်လွင်စေသည်။သူ၏လုပ်ရက်ကြောင့် ကလန်တိုင်းက လိုက်လံသတ်ဖြတ်မှုအားခံရပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။
သို့သော်လွန်ခဲ့သောနှစ်နှစ်ထောင်၀န်းကျင်ကစတင်ကာ အမည်မဲ့ဓားကို ဖရိုဖရဲကုန်းမြေတွင်
တွေ့မြင်ရလေ့ရှိသည်။အပြင်တွင် ထိုလူကသိုသိုသိပ်သိပ်နေသော်လည်း
ကုန်းမြေဖွင့်သည်နှင့် မိသားစုအားကိုးနှင့်အနိုင်ကျင့်တတ်သည့်သူများကို သတ်ပစ်လေ့ရှိသည်။ထိုသူက ကုန်းမြေထဲသို့၀င်ရောက်နိုင်ခြင်းမှာ
ဘိုးဘေး၏ခွင့်ပြုချက်ရခြင်းကြောင့်ဖြစ်သည်။
ရက်စက်သည့်ဘိုးဘေးနှင့် ရူးသွပ်နေသည့်လူသတ်သမားမှာ လိုက်ဖက်လှသည်ဟုဆိုနိုင်သည်။အချို့လူများက အမည်မဲ့ဓားမှာ ဘိုးဘေး၏ တရားမ၀င်သားဟုပင် ပြောနေကြသည်။
သို့သော် သူ့ထံတွင်လည်း လိုက်နာရမည့်အချက်များရှိနေကြောင်းကို နှစ်ပေါင်းများစွာအထဲသို့
၀င်ရောက်ခဲ့ကြသည့် သူများမှတဆင့် လူတိုင်းသိခဲ့ရသည်။ကြီးမြတ်သောပါရမီရှင်ဖြစ်ပါက လူသားမျိုးနွယ်ကို သစ္စာရှိပါက မည်မျှမောက်မာလှပါစေ
မသတ်ခြင်း။
ပြဿနာမီးထွန်းမရှာပါက မသတ်ခြင်း။
သူမသတ်ချင်ပါက မသတ်ခြင်းဖြစ်သည်ဟုဆိုထားသည်။ထို့ကြောင့်သာ သိုင်းအကျော်အမော်အဆင့်ရှိသည့် ထိုရူးသွပ်နေသူရှိသော်လည်း ၀င်ရောက်လာရဲခြင်းဖြစ်သည်။
ကလန်တိုင်း၊ကျောင်းတိုင်းက အထဲသို့ရောက်ပါက စကားများများမပြောဘဲ နှိမ့်ချနေရန် သူတို့၏မျိုးဆက်များကို သတိပေးကြသည်။
ဒီနှစ်ပိုင်းမှာ အမည်မဲ့ဓား၏သတင်းကိုမကြားကြသဖြင့် သခင်လေး သခင်မလေးများဂျိုကြွလာသည်။
၀မ်ဆုချင်း၏ပျောက်ဆုံးမှုဟုဆိုသည်နှင့် သူနှင့်ပြဿနာတက်သော လူတစ်စုအပြင် အမည်မဲ့ဓားကိုပါ ထည့်သွင်းစဉ်းစားရမည်။
KAMU SEDANG MEMBACA
ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်
Fantasiလီစု၀မ်သည် သာမာန်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေဆို၍အိမ်ပြန်ချိန်တွင် အိမ်မှမိခင်ကထွက်ခွာသွားခဲ့သည်။ သူမမိခင်ထားခဲ့သောဖခင်၏အမွေပစ္စည်းလေးက စု၀မ်ရဲ့ဘ၀ကိုဘယ်လိုပြောင်းလဲသွားမလဲ။ သူမရဲ့ဖခင်ကကောဘယ်သူလဲ။ သူမရောက်ရှိသွားတဲ့ ကမ္ဘာမြေ...