မိုးနတ်သစ်သီး၊ နှင်းဝိညာဉ်ပန်း၊ကြယ်အလင်းသစ်ရွက်၊တံခွန်ငှက်ချဉ်ဆီ.....
စု၀မ်ဆေးအမယ်များအား အစဉ်လိုက် တိကျသည့်အချိန်အပိုင်းအခြားအတိုင်း ဆေးမီးဖိုထဲသို့ထည့်သွင်းလိုက်သည်။သူမ၏ကောင်းကင်ချီအားမီးအဖြစ်အသုံးပြုလျှက် စိတ်ဝိညာဉ်အားကိုလိုအပ်သလို စမ်းချောင်းလေးစီးဆင်းနေဟန်ဖြင့် ဆေးမီးဖိုထဲသို့ထည့်သွင်းလိုက်သည်။
နှစ်နာရီခန့်ကြာပြီးနောက် ဆေးမီးဖိုထဲမှမွှေးပျံသောရနံ့လေးထွက်ပေါ်လာသည်။
သလင်းကျောက်ကဲ့သို့ ချောမွေ့လင်းလက်နေသောဆေးလုံးလေးသည် လူတိုင်း၏မျက်လုံးထဲသို့ ၀င်ရောက်လာခဲ့သည်။"သိမ်မွေ့အဆင့်ခန္ဓာချိုးဖြတ်ဆေးလုံး"
ဟန်ဖန်းသည် သူ့အားစု၀မ်ပေးလိုက်သည် ဆေးလုံးလေးအားကြည့်ရှုရင်း လက်များတုန်ရီလာသည်။ထို့နောက် သူမကိုတစ်လှည့် ဆေးလုံးကိုတစ်လှည့်ကြည့်နေမိသည်။
"မိန်းကလေး မင်းရဲ့အသက်ကဘယ်လောက်ရှိပြီလဲ"
စု၀မ်သည် ဟန်ဖန်း၏အမေးအားရိုသေစွာဖြင့်
"သမီးအသက်ကိုးနှစ်ရှိပါပြီ ""အသက်ကိုးနှစ်နဲ့ ချီသန်စင်ခြင်းအဆင့်ရှစ်"
ဟန်ဖန်း သူအိမ်မက်မက်နေသည်ဟုပင် ထင်မှတ်သွားရသည်။"မဟုတ်ပါဘူး အဆင့်ကိုးပါ"
စု၀မ်သည်လည်းဘာကြောင့် လူထင်ကြီးခံချင်လည်းမသိတော့ပေ။သိုသိုသိပ်သိပ်နေချင်ပါသော်လည်း အစွမ်းပြချင်နေပြန်သည်။
အထူးသဖြင့် ၀မ်ဆုချင်းအားရိုက်ချချင်စိတ်ကို
မထိန်းနိုင်ပေ။
ဖုန်းလန်ကြောင့်လားတော့ သူမကိုယ်တိုင်လည်း
ဝေကွဲ၍မရပေ။ဟန်ဖန်းနှင့် လူတိုင်း သူတို့နားကိုပင်မယုံကြည့်နိုင်တော့ချေ။
အသက်ကိုးနှစ်အရွယ်တွင်သူတို့သည်ခန္ဓာတည်ဆောက်ခြင်းအဆင့်တွင်သာတစ်နေသေးသည်။
အသက်ကိုးနှစ်တွင် ချီသန့်စင်ခြင်းအဆင့်၁ဆိုပါက ကြီးမြတ်လှသည့်ပါရမီရှင်တစ်ယောက်ဖြစ်နေလိမ့်မည်။
သို့သော်အသက်ကိုးနှစ်တွင် ချီသန့်စင်ခြင်းအဆင့်ကိုးသည် အဘယ်နည်း။
BẠN ĐANG ĐỌC
ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်
Viễn tưởngလီစု၀မ်သည် သာမာန်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေဆို၍အိမ်ပြန်ချိန်တွင် အိမ်မှမိခင်ကထွက်ခွာသွားခဲ့သည်။ သူမမိခင်ထားခဲ့သောဖခင်၏အမွေပစ္စည်းလေးက စု၀မ်ရဲ့ဘ၀ကိုဘယ်လိုပြောင်းလဲသွားမလဲ။ သူမရဲ့ဖခင်ကကောဘယ်သူလဲ။ သူမရောက်ရှိသွားတဲ့ ကမ္ဘာမြေ...