စု၀မ်အနေဖြင့် သူမဆီသို့လာရောက်လည်ပတ်သူများမရှိချိန်ရောက်မှ အသက်၀၀ရှုနိုင်တော့သည်။
အကယ်ဒမီရဲ့လေလံပွဲမှာ ဆေးလုံးနှစ်လုံးလေလံတင်ဖို့ကတိပေးလိုက်ရပြီး ကျန်တစ်လုံးကိုအကယ်ဒမီမှ ဆေးတောင်ကြားသို့ လှမ်းပို့ဆောင်လိုက်သည်။
ဖြစ်နိုင်တာကတော့ သူမအသက်၁၀နှစ်ပြည့်ပြီးတာနဲ့ ဆေးတောင်ကြားကိုသွားရဖို့လမ်းမြင်တယ်။
ထိုသို့တွေးပြီးသည်နှင့် စု၀မ်ပြန်၍စိတ်ကြည်လာသည်။လက်ရှိ သူမဝှက်ထားတဲ့ဆေး ခြောက်လုံးကတော့ ဦးလေးလင်းဆီကိုရောက်သွားလေပြီ။
အကျိုးဆောင်ခအနေနဲ့ သူမဆီမှာကျန်တဲ့တစ်လုံးကို အိုးရန်လေလံအိမ်မှာလေလံတင်ထားရတယ်။
ဆေးနှလုံးသားကိုပိုင်ဆိုင်နိုင်ခဲ့တာမို့ လင်းဟောက်အတွက် ဝိညာဉ်စီရင်ခြင်းဆေးလုံးကိုဖော်စပ်နိုင်သည့်အခြေအနေကိုရောက်နေပြီ။
ဒါကတော့ ရှုယန်လိုခြင်နေတဲ့ဆေးလုံးလည်းဖြစ်သည်။
ထို့ကြောင့် ကြိုးစားကြည့်ရန်အတွက် ဆေးပင်များလဲလှယ်ရန် တာ၀န်ခွဲဝေဌာနသို့သွားလိုက်သည်။
သူမသွားသည့်လမ်းတစ်လျှောက်မှာ
အကယ်ဒမီရှိကျောင်းသားတိုင်းက လေးစားချီးကျူးမှုများဖြင့်ကြည့်နေကြသည်။
သူတို့က လတ်တလောလေးမှ သူမရဲ့ဆေးနှလုံးသားအကြောင်း သိရှိထားသည်ကိုး။သို့သော်ယခု သူမအားဌာနမှ ဆေးနတ်မိမယ်အဖြစ်သတ်မှတ်ပေးလိုက်ရာ သူတို့လာရောက်စကားမပြောဝံ့ပေ။ထိုအစား သူမသွားရာလမ်း တစ်လျှောက်လုံး ပြုံး၍ကြည့်နေကြသည်။
သူတို့၏အကြည့်များကြောင့် စု၀မ်ပင်နောက်ကျေမလုံချင်သလို ဖြစ်လာသည်အထိပင်။
သူမက အေးအေးချမ်းချမ်းလေးနဲ့ စိတ်ပျော်ရာနေချင်သူပါ။
ဒါ့ကြောင့် သူတို့ကခေါင်းငြိမ့်ပြလိုက်ကာ
ချကိခြင်းပင် သူမအလိုရှိရာသို့ပျံသန်းသွားတော့သည်။လူများ၏မျက်လုံးများထံမှ လွတ်ချိန်မှသာ
စု၀မ် သက်ပြင်းချနိုင်တော့သည်။
BINABASA MO ANG
ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်
Fantasyလီစု၀မ်သည် သာမာန်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေဆို၍အိမ်ပြန်ချိန်တွင် အိမ်မှမိခင်ကထွက်ခွာသွားခဲ့သည်။ သူမမိခင်ထားခဲ့သောဖခင်၏အမွေပစ္စည်းလေးက စု၀မ်ရဲ့ဘ၀ကိုဘယ်လိုပြောင်းလဲသွားမလဲ။ သူမရဲ့ဖခင်ကကောဘယ်သူလဲ။ သူမရောက်ရှိသွားတဲ့ ကမ္ဘာမြေ...