အမွေအနှစ်နန်းတော်

1.5K 155 23
                                    

အောက်သို့ဆင်းလာသည်နှင့်အမျှ အလင်းလေးမှာ ပိုမိုနီးကပ်လာသည်။

ပေခုနှစ်ရာခန့် ဆင်းသက်ပြီးနောက် လူတစ်ကိုယ်စာ ၀င်ပေါက်လေးတစ်ခုဖြစ်ကြောင်း စု၀မ်တို့တွေ့လိုက်သည်။

ထိုကြောင့်အလျင်အမြန်ကူးခတ်သွားကာ အထဲသို့၀င်‌လိုက်ကြသည်။

ဂူထဲသို့ရောက်သည်နှင့် ‌ချော်ရည်များ၏နှိပ်စက်ခြင်းမှ လွတ်မြောက်သွားကာ နှစ်ယောက်လုံး
အသက်ရှုနိုင်တော့သည်။

ထို့နောက်တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ
ရယ်လိုက်မိသည်။

နှစ်ပေါင်းများစွာကြာပြီးနောက်တွင် ယခုဖြစ်ပျက်ခဲ့သမျှက နှစ်ယောက်လုံး၏ရင်ထဲတွင်
လွမ်းဆွတ်ဖွယ်အဖြစ် ကျန်ရှိနေပေလိမ့်မည်။

အနည်းငယ်အနားယူပြီးသည်နှင့် သူမတို့ ဆက်လက်ခရီးဆက်လိုက်ကြသည်။

ဂူမှာအလင်းသဲ့သဲ့သာရှိပြီး  အချိန်အတော်ကြာလမ်းလျှောက်ပြီးနောက် လမ်းခွဲတစ်ခုအား တွေ့လိုက်ရသည်။

တစ်ခုမှာ လင်းလက်နေသည့် လမ်းတစ်လမ်းဖြစ်ကာ နောက်တစ်လမ်းမှာ အတိမှောင်မိုက်နေသည့်
လမ်းတစ်ခုဖြစ်ချေသည်။
နှစ်ယောက်စလုံး ဘာကိုမှမပြောကြသော်လည်း
အလိုလိုနားလည်းကြသည်။

ထိုလမ်းနှစ်ခုအားအသီးသီးလျှောက်ပြီးပါက
သူမတို့၏လမ်းများမှာ ထာ၀ရကွဲပြားသွားပေမည်။

နှစ်ယောက်လုံးထိုနေရာတွင် ခဏမျှတိတ်ဆိတ်နေသည်။
"လင်းရှန်း နင်အမွေအနှစ်ကို ဆက်ခံပြီးရင်ပြန်လာမှာလား။
ငါဒီနေရာမှာစောင့်နေမယ်လေ"

စုဝမ်က တိတ်ဆိတ်မှုအား အရင်ချိုးဖြတ်လိုက်သည်။

"ငါမလိုက်တော့ဘူး။ အထဲက ငါ့ကိုခေါ်နေတဲ့အသံကို ငါကြားနေရတယ်။
ဒီအမွေအနှစ်ဆက်ခံမှုပြီးရင် ငါတို့ကိုယ့်လမ်းကိုလျှောက်ကြတာပေါ့။
လုကလန်က ချိတ်တံဆိတ်ကျိုးပြတ်သွားတာကို
သိလောက်ပြီ။
သူတို့ငါ့ကို လွယ်လွယ်နဲ့လွတ်ပေးမှာမဟုတ်ဘူး"

လင်းရှန်း၏စကားကြောင့် စု၀မ်မျက်မှောင်ကြုံ့လိုက်သည်။

"နင်ရဲ့တတိယမျက်လုံးကိုကြည့်တာနဲ့ နင်ကမြင့်မြတ်တဲ့ နတ်မိစ္ဆာတစ်ယောက်ဆိုတာ အသိသာကြီးကို သူတို့က နင့်ကိုဒုက္ခပေးနိုင်တဲ့အထိ
အင်အားမကြီးပါဘူး။"

ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်Hikayelerin yaşadığı yer. Şimdi keşfedin