သူမတို့အဖွဲ့တစ်နာရီခန့် လမ်းလျှောက်ပြီးချိန်တွင် ရေတံခွန်ကိုလှမ်း၍မြင်ရတော့သည်။
"စု၀မ် နင်ရေချိုးချင်လို့လား"
"ငါ့မှာရှိတဲ့စိတ်စွမ်းအားက သန်မာတယ်ဆိုတာနင်တို့သိတယ်မလား။
ဒီရေတံခွန်မှာ တစ်ခုခုရှိနေတယ်လို့ ငါခံစားနေရတယ်။"သူမအား မေးခွန်းပေါင်းထောင်သောင်းများစွာကှိနေသောအကြည့်များဖြင့်ကြည့်နေကြသည့် အဖွဲ့သားများကို စိတ်ရှည်စွာဖြင့်ရှင်းပြလိုက်သည်။
"နင်တို့ငါနဲ့အတူဆင်းသွားဖို့ဆန္ဒရှိလား"
သူတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာဖြင့် လက်ခံလိုက်ကာ သူမနောက်သို့လိုက်လာသည်။
သူတို့သဘောတူပြီးသည်နှင့် စု၀မ်ရေထဲသို့ခုန်ချလိုက်သည်။
သူမ၌ရှိသောနဂါးပုလဲ၏အကူအညီကြောင့်
ရေအောက်သို့သွားရသော်လည်း အကျီပေါ်တွင်
ရေတစ်စက်မှတင်မနေကာ အလွန်နေရထိုင်ရကောင်းလှသည်။မီတာတစ်ရာခန့်ဆင်းပြီးနောက်တွင် သူမတို့
လှိုဏ်ဂူတစ်ခုအားတွေ့လိုက်ရသည်။သူမတို့ချက်ခြင်းပင် လှိုဏ်ဂူထဲသို့၀င်လိုက်သည်။
ဂူထဲ၀င်ရောက်လိုက်ခါမှ ယွမ်အာတို့အသက်၀ အောင် ရှုနိုင်တော့သည်။ထို့နောက် သူမတို့အားလုံးကြွက်စုတ်ဖြစ်နေပါသော်လည်း ရေတစ်စက်မှမတင်သည့် စု၀မ်အားကြည့်ရင်း အညစ်အကြေးဖယ်ဂါထာကိုသုံးလိုက်ကြတော့သည်။
"စု၀မ် ဒီနေရာကထူးဆန်းတယ်နော်။
တတယ်အရေးကြီးတဲ့အရာမို့ ရေထဲဝှက်ထားတာနေမယ်"ရှောင်ဖေး၏စကားကို မိန်းကလေးတိုင်းက လက်ခံလိုက်ကြကာ ပျော်ရွှင်လာတော့သည်။
စု၀မ်လည်း သူတို့ကိုရှင်းပြရမည်အား မောလှသဖြင့် ရှေ့မှဦးဆောင်၍ ၀င်သွားသူများနောက်သို့ လိုက်လိုက်သည်။ဘိုးဘေး၏စမ်းသက်ချက်များကြောင့် အန္တရယ်ရှိ မြွေသားရဲများစောင့်ကြပ်သောနေရာသို့ရောက်သည်နှင့် လူတိုင်းကစတင်တိုက်ခိုက်ရန်ပြင်လိုက်သည်။
သို့သော် စု၀မ်ကဆေးမှုန့်လေးများကို သူတို့၏ ပခုံးပေါ်သို့ဖြန်းပြီးရှေ့မှ ဦးဆောင်လျှောက်သွားလိုက်သည်။
မြွေများက အလွန်ရွံရှာစရာတစ်ခုအားတွေ့သည့်အလား သူမကိုလုံး၀ရှောင်ရှားကုန်ကြသည်။
ထိုမြင်ကွင်းကြောင့် သူတို့အားလုံးကြောင်အသွားတော့သည်။
ESTÁS LEYENDO
ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်
Fantasíaလီစု၀မ်သည် သာမာန်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေဆို၍အိမ်ပြန်ချိန်တွင် အိမ်မှမိခင်ကထွက်ခွာသွားခဲ့သည်။ သူမမိခင်ထားခဲ့သောဖခင်၏အမွေပစ္စည်းလေးက စု၀မ်ရဲ့ဘ၀ကိုဘယ်လိုပြောင်းလဲသွားမလဲ။ သူမရဲ့ဖခင်ကကောဘယ်သူလဲ။ သူမရောက်ရှိသွားတဲ့ ကမ္ဘာမြေ...