တောင်းပန်ပါတယ်ညီမလေး

1.6K 163 7
                                    

လေလံရုံမှ ထွက်လာပြီးသည်နှင့် စု၀မ်တို့မြို့အထွက်ရှိတည်းခိုခန်းတစ်ခုတွင် လီမိသားစု၏ကြေငြာချက်အား စောင့်ဆိုင်းနေသည်။

စု၀မ်ထွက်လာပြီး နောက်နှစ်ရက်အကြာတွင် လီကလန်သည် လီစု၀မ်နှင့်ပက်သက်သည့် သတင်းတစ်ပုဒ်အား ထုတ်ပြန်ခဲ့သည်။
လီကလန်၏ တတိယသခင်မလေးမှာ ‌အရှက်တရားကြောင့် သတ်သေခဲ့သည်ဟူ၍ပင်။

ထိုသတင်းကြောင့် စု၀မ်ခြောက်ကပ်ကပ်နှင့် ဟားတိုက်ရယ်‌မောခဲ့သည်။
လီကလန်သည် သူမ၏နောက်ဆုံးတန်ဖိုးကိုပင် အလွတ်မပေးဘဲ ကောင်းစွာအသုံးချခဲ့သေးသည်။

အကယ်၍ စု၀မ်ကိုသာ လီမိသားစုမှ နှင်ထုတ်ခဲ့ပါက သူမအပေါ်မပြတ်သားသော ဖုန်းလန်သည်လီကလန်အား အငြိုးထားပေမည်။
သို့သော် စု၀မ်သာ စေ့စပ်ပွဲဖျက်သိမ်းခံရမှုကြောင့် သေဆုံးခဲ့ပါလျှင် စု၀မ်အပေါ်တွင် ဖုန်းလန်၏အားနာစိတ်သည် လီမိသားစုအတွက်အခွင့်အရေးတစ်ခုဖန်တီးနိုင်လိမ့်မည်။

ထိုနည်းတူ စု၀မ်၏သေဆုံးခြင်းသည် ဖုန်းလန်အတွက် စိတ်နတ်ဆိုးပင်ဖြစ်ပေါ်စေနိုင်ပြီး
အဆင့်တက်မှုကိုပင် နှောက်ယှက်နိုင်သေးသည်။

ကလန်နှစ်ခု၏အဆင့်အတန်း အလွန်ကွာခြားသွားပါက ဝါးမြိုခြင်းဟူသည် ဖြစ်ပေါ်လာမည့်အမှန်တရားဖြစ်သည်။
စု၀မ်၏သေဆုံးခြင်းသည် ဖုန်းကလန်၏ အင်အားကြီးထွားမှုအား ကန့်သတ်နိုင်ခြင်း သို့မဟုတ် ဖုန်းလန်၏ လီကလန်အပေါ် မျက်နှာသာပေးခြင်းအား ဖန်တီးပေးပေမည်။

သို့သော် သူတို့မသိခဲ့သောအရာက ဘယ်သော အခါမှ သူတို့လိုချင်သည့်အတိုင်းဖြစ်မလာခြင်းပင်။

"ဦးလေးလင်းကြည့်ရတာ မြို့နဲ့အဝေးကိုရောက်တာနဲ့ တိုက်ပွဲတစ်ခုက ကျွန်မတို့ကို စောင့်ကြိုနေပုံဘဲ"
အလေးမထားသည့်ဟန်ဖြင့် စု၀မ်အရွှန်းဖောက်လိုက်သည်။

"ကောင်းတာပေါ့။ ဦးလေးရဲ့သွေးအရိပ်ဓားကလည်း သွေးစာနေတာကြာပြီ "
လင်းဟောက်သည် သူနှင့်နှစ်တစ်ထောင်ကျော်အတူလိုက်ပါခဲ့သော ဓားအားပဝါဖြူလေးဖြင့်သုတ်နေရင်း ပြန်ဖြေလိုက်သည်။
သူ၏မျက်လုံးများမှာ အလွန်ပင်အေးစက်နေကာ တိုက်ပွဲအား မစောင့်နိုင်တော့သည်ပုံပေါက်နေသည်။

ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်Wo Geschichten leben. Entdecke jetzt