ဌာနပေါင်းစုံပြိုင်ပွဲစတင်ခြင်း

1.5K 167 10
                                    

စု၀မ်တို့ လုကလန်သို့ပြန်ရောက်လာချိန်တွင်
ဆေးတောင်ကုန်းသို့ စု၀မ်တို့နှင့် လိုက်လာသော
အကြီးအကဲ ဒရမ်မာစချိုးသည်အား တွေ့လိုက်ရသည်။

လင်းရှန်းအပေါ်တွင် စု၀မ်စိတ်ကွက်နေပါသော်လည်း လင်းရှန်းက လီမိသားစုကထွက်မလာခင် သူမနှင့်တူလှသည်။

စု၀မ်တို့မပြန်မှီညတွင် စု၀မ်နားနေရာခြံ၀န်းသို့ လုဇီရောက်လာသည်။

" မိန်းကလေးစု၀မ် ကျွန်တော်အထဲကို၀င်လာလို့ရမလား"

လုဇီသည်ယဉ်ကျေးသောအပြုအမူကောင်းများအားပိုင်ဆိုင်ထားသည်။
ထိုအရာကပင် မိန်းကလေးများအား ရင်ခုန်သံမြန်စေသည်။
စိတ်မကောင်းစရာက သူမက စု၀မ်ဖြစ်နေတာပင်။

"သခင်လေးလုဇီအားနာဖို့မလိုပါဘူး။
ရေနွေးကြမ်းသောက်ဖို့ဖိတ်ပါတယ်။"

စု၀မ်လည်း ယဉ်ကျေးစွာပင် ဖိတ်ခေါ်လိုက်သည်။

"ကျွန်တော်လင်းရှန်းဆီက ကြားပြီးပါပြီ။
သူမကိုကယ်တင်ပေးခဲ့လို့ မိန်းကလေးကိုကျေးဇူးတင်ပါတယ်။"

"မလိုပါဘူးရှင်။ သူမက ကျွန်မနဲ့တစ်ကျောင်းထဲပဲ။ အားနာဖို့မလိုပါဘူး။"

စု၀မ်ယဉ်ကျေးစွာပင် ငြင်းလိုက်သည်။

"မင်းသာမကယ်ရင် သူမခုချိန်ဆို အသက်ရှင်ဖို့မလွယ်ဘူး။"

"သခင်လေးအနေနဲ့ လင်းရှန်းဘာကြောင့်ဒီလိုဖြစ်သွားလဲဆိုတာ သိပြီးလောက်ရောပေါ့"

အကြီးအကဲလုရဲ့လုပ်ရပ်က အရမ်းမှားပေမဲ့
သူကလည်း အကောင်းဆုံးရွေးချယ်ခဲ့တာပါ။
သူကဆုံးရှုံးမှုအနည်းဆုံးလုပ်ရပ်ကို လုပ်ခဲ့တာပဲ။
အလွန်အကျွံ အပြစ်ပေးခွင့် ကျွန်တော့်ဆီမှာမရှိဘူး။
သခင်မလေးလည်း မိသားစုကြီးကပဲလေ နားလည်မှာပါ။"
လုဇီသက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။

စု၀မ်တစ်ယောက် လုဇီ၏မသိမသာစကားနှိုက်မှုအား တစ်ချက်ပြုံးပြကာတုန့်ပြန်လိုက်သည်။

"မိန်းကလေးစု၀မ်အနေနဲ့ နောက်ပိုင်းဘာလုပ်ဖို့
စဉ်းစားထားလဲ။
ဘာမှမရှိရင် ဒီမှာတစ်ပတ်လောက်နေပါအုံးလား။
ဒီမှာက အစားအသောက်အရမ်းကောင်းမွန်တယ်။"

ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်Nơi câu chuyện tồn tại. Hãy khám phá bây giờ