လေလံဈေးက တစ်စတစ်စ တရိတ်ရိတ်တိုးလာခဲ့သည်။
လူတိုင်း၏မျက်လုံးများကနီရဲလာပြီး အကယ်ဒမီလေလံပွဲသာမဟုတ်ပါက သွေးချောင်းစီးသည်အထိသတ်၍ ယူဆောင်သွားပေမည်။သို့သော်လည်း သူတို့မတက်နိုင်လေရာ လေလံဈေးကိုသားအံကြိတ်၍ တိုး၀ယ်နေကြသည်။
စု၀မ်အခန်းထဲမှပြန်ထွက်လာတော့ လျှိုဝှက်ကောင်းကင်မြို့၏ကလန်များအတွက် သီးသန့်ဆောင်များမှ ဖြတ်၍ပြန်ရသည်။
တခြားလူများက သတိပြုမိရန်ခက်ခဲသော်လည်း
ဖုန်းကလန်၏အကြီးအကဲကမူ စု၀မ်အား
ကျားချောင်းချောင်းနေရာ ဂွင်တည့်သွားတော့သည်။"မိန်းကလေးစု၀မ် ခနလောက်ရပ်ပါအုံး"
ထိုနေရာက ခပ်မြန်မြန်လေးလမ်းလျှောက်နေရာမှ နောက်မှအသံကြောင့် မျက်မှောင်များကြုံသွားသည်။
ထိုနောက် သက်ပြင်းချရင်း အနောက်သို့လှည့်လိုက်သည်။
"ဒီကအကြီးအကဲက အရင်နေ့က ဆေးလေလံအောင်သွားတဲ့ အိမ်တော်ကမလား"
"ဟုတ်ပါတယ် မိန်းကလေးစု၀မ် ကျွန်တော်လည်းလမ်းလျှောက်နေရင်း မိန်းကလေးကိုတွေ့လိုက်လို့ နှုတ်ဆက်တာပါ။"
'အပိုတွေ ရှင်မျက်လုံးတွေက ကျီးကန်းတောင်းမှောက်သလိုဖြစ်နေတာကို အမှတ်မထင်တဲ့လား
လာနောက်နေတာလား'
စု၀မ်တစ်ယောက် မျက်လုံးလှန်ချင်စိတ်အား
အတော်လေးထိန်းယူလိုက်ရသည်။"မိန်းကလေးရဲ့ပါရမီကတော့ ကျွန်တော့တစ်သက်လုံး မတွေ့ဘူးခဲ့ပါဘူးဗျာ။"
"အကြီးအကဲကတော့ စု၀မ်ကိုမြှောက်နေပြန်ပါပြီ။
တာအိုရောင်းရင်ဖုန်းလန်ကလည်း တကယ်ကိုထူးချွန်တဲ့ ကျင့်ကြံသူတစ်ယောက်ပါပဲရှင်"သူမရဲ့စကားကြောင့် ထိုအကြီးအကဲမှာ အလွန်နှစ်ထောင်းအားရဖြစ်သွားတော့သည်။
"ဖုန်းလန်ဆိုတဲ့ကောင်လေးက တကယ်ကို
လူတော်လေးပါဗျာ။ သူကကြင်နာတတ်သလို၊
ဂရုလည်းစိုက်တတ်တယ်။
ပြောရရင် မိန်းကလေးနဲ့ဖုန်းလန်နဲ့က တကယ်ကို
ကျောင်းတော်ရဲ့ထိပ်တန်းပါရမီရှင်တွေပါပဲဗျာ
VOCÊ ESTÁ LENDO
ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်
Fantasiaလီစု၀မ်သည် သာမာန်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေဆို၍အိမ်ပြန်ချိန်တွင် အိမ်မှမိခင်ကထွက်ခွာသွားခဲ့သည်။ သူမမိခင်ထားခဲ့သောဖခင်၏အမွေပစ္စည်းလေးက စု၀မ်ရဲ့ဘ၀ကိုဘယ်လိုပြောင်းလဲသွားမလဲ။ သူမရဲ့ဖခင်ကကောဘယ်သူလဲ။ သူမရောက်ရှိသွားတဲ့ ကမ္ဘာမြေ...