ဗိုလ်လုပွဲစတင်ခြင်း

1.5K 160 5
                                    

အမည်မဲ့နှင့်တိုက်ခိုက်ခဲ့သောနေရာမှာ မီးလောင်မှုများကြောင့် ဆိုးဝါးစွာကျန်ရစ်ခဲ့သည်။

မီးတောက်များက အမည်မဲ့ဓားကို အဖျားလောက်သာ ထိခိုက်ခဲ့သော်လည်း ပြင်းထန်လွန်းသည့် အပူရှိန်ကြောင့် အသားများပင်အရည်ပျော်ကြလုနီးပါးပင် ဖြစ်ခဲ့ရသည်။

တိုက်ပွဲဖြစ်ရာတစ်မိုင်၀န်းကျင်ဆိုလျှင် လုံး၀လောင်ကျွမ်းပျက်စီးသွားတော့သည်။

သို့သော် စု၀မ်ကတော့ ပျော်ရွှင်စွာဖြင့် ဗိုလ်လုပွဲကျင်းပမည့် ပြိုင်ပွဲကွင်းပြင်သို့ ဦးစွာသွားနှင့်လိုက်သည်။

အမှန်ဆိုလျှင် အမည်မဲ့ဓားနှင့် ချစ်ကြည်ရေးယူကာ ၀မ်ဆုချင်းအကြောင်းအားမေးမြန်းချင်ခဲ့သည်။
သိူ့သော် သူမအသက်ကိုပင် ၀အောင်မရှုနိုင်ချိန်တွင် သူများအကြောင်းတွေးပေးရန်မဖြစ်နိုင်။

စု၀မ်ဗိုလ်လုကွင်းသို့ ရောက်ချိန်တွင် လူအချို့လည်း ထိုနေရာတွင် ရှိနေသည်။

အထူးသဖြင့် ဖုန်းလန်နှင့် ချင်ယုတို့အဖွဲ့က သူမနှင့်
မဝေးသည့် သစ်ပင်ရိပ်တွင် နားနေကြသည်။

နှစ်ယောက်သားကြားရှိလေထုမှာ အတော်လေးချိုမြိန်နေပုံရသည်။
ဒဏ်ရာကြောင့်အ‌နားယူနေသော ဖုန်းလန်၏ နံဘေးတွင် ချင်ယုက နာခံသိမ်မွေ့သောဇနီးလေးအသွင် ပြုမူနေသည်။

ထိုမြင်ကွင်းကြောင့် စု၀မ်မျက်ဖြူလှန်လိုက်သည်။

ထို့နောက် သူတို့နှင့် အလှမ်းဝေးသောနေရာတွင်
ရွက်ဖျင်တဲထုတ်၍ အနားယူရန်ပြင်လိုက်သည်။

စု၀မ်အတွက် အရေးကြီးသောအရာမှာ အနားယူရန်သာဖြစ်သည်။
တစ်လမ်းလုံးပြေးလာရသဖြင့် စု၀မ်အတော်လေးပင်ပန်းနေသည်။

သို့သော်လည်း စိတ်ရူးပေါက်နေသော အမည်မဲ့ဓားမှာ ဗိုလ်လုပွဲအား၀င်ရှုပ်ခွင့် မရှိလေရာ
ဒီနေရာသို့မလာနိုင်သောကြောင့် စု၀မ်ခွေးပြေး၀က်ပြေး လက်ရှိနေရာသို့ပြေးလာရခြင်းပင်။

တစ်ယောက်တည်းအဖွဲ့ကွဲနေသဖြင့် လူများ၏
မကောင်းသောအကြည့်များကို လက်ခံရရှိခဲ့သော်လည်း အချို့ကသူမဘယ်သူမှန်းသိကြသဖြင့် များစွာမကြာလိုက် သူမအကြောင်းများပျံနှံ့ကုန်သည်။

ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်Where stories live. Discover now