ပြင်းထန်လာသည့်ပြိုင်ဆိုင်မှုများ

1.5K 160 14
                                    

ဖုန်းလန်နှင့် ရှုယန်တို့မှာ စမ်းသက်မှုအား
အံကြိတ်ကာတောင့်ခံနေသည်။

၎င်းစမ်းသက်မှုသည်‌ မုန့်တိုင်းများတိုက်ခတ်နေသည့် နေရာတွင် ကြံ့ကြံ့ခံပြီး နောက်ဆုံးအချိန်အထိကျန်ရစ်သူကိုသာ လက်ခံသည့်နောက်ဆုံးအဆင့်ဖြစ်သည်။

နောက်ဆုံးကျန်ရစ်သူမှာ နောက်ဆုံးကျန်ရှိသည့်
ဘိုးဘေး၏အမွေနှစ်ကို ရရှိမည်ဖြစ်သည်။

သို့သော် ထိုအမွေအနှစ်ကြောင့် ပြဿနာများစွာတက်လာနိုင်သည်။

အမွေအနှစ်အားလက်ခံရရှိသူမှာ နောက်ခံမရှိပါက ထိုအရာကို ကာကွယ်နိုင်မည်မဟုတ်ပါ။

ပြောရမည်ဆိုပါက ဒုတိယပစ္စည်းအား သူမဆရာရရှိချိန်တွင် သူသည် အံချီးခုနှစ်ပါးမှ တောင်သခင်၏တပည့်ဖြစ်နေလေပြီ။

သူဆီမှ လုယူရဲသူမှာ ဆိုးဝါးစွာအဆုံးသတ်ရမည်ပင်။
တောင်သခင်၏နောက်ခံကိုထားတော့
တောင်သခင်ဆီမှ အိမ်တိုင်ယာရောက် လာရောက်ခေါ်ဆောင်ခံရသည့် ကပ်ဘေးအရှင်သည် မည်မျှတော်သူဖြစ်ကြောင်းတွက်ချက်နိုင်သည်။

ရှုယန်သာရရှိပါက ကျန်သည့်ဆယ်ရက်သည်
သူနှင့် သူ့အဖွဲ့အတွက် ငရဲပင်ဖြစ်သွားလိမ့်မည်။
ဖုန်းလန်ရရှိပါက အလစ်တိုက်ခိုက်မှုများကြုံတွေ့နိုင်သည်။

သို့သော် ဇာတ်လိုက်၏ မိန်းကလေးသို့မဟုတ်
ပစ္စည်းအား တက်မက်ရဲသူများ၏နောက်ဆုံးအဆုံးသတ်မှာ ကောင်းမွန်ခြင်းရှိမနေခဲ့ပါ။

အကယ်၍ ရှုယန်သာ ထိုပစ္စည်းအားရရှိပါက
ပထဆုံးလုယူမည့်သူမှာ ဖုန်းလန်သာဖြစ်သည်။

ဖုန်းလန်၏မာနအရ လူအလစ်တွင်တိုက်ခိုက်မည့်သူမဟုတ်‌။
ထို့ကြောင့် တိုင်းသိပြည်သိဖြစ်လာနိုင်ချေရှိသည်။

ဖုန်းလန်ဒဏ်ရာရပါက ရှုယန်လည်းကောင်းကောင်းမွန်မွန်နေရမည်မဟုတ်။
ဖုန်းလန်၏အကြီးအကဲဖြစ်စေ၊ဖုန်းကလန်ကဖြစ်စေ တစ်နည်းနည်းနှင့် ဒုက္ခပေးခြင်းအားခံရမည်။

မျက်စိတစ်မှိတ်အတွင်း၌ပင် ရွှေရောင်၀တ်စုံ၀တ်ဆင်ထားသော သခင်လေးမှာ လေပြင်းအားကို
မခံနိုင်တော့ဘဲ ‌အနောက်သို့လဲကျသွားသည်။
ထို့နောက် အစီအရင်၏အပြင်ဘက်သို့ ထုတ်ပယ်ခြင်းခံလိုက်ရသည်။

ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်Où les histoires vivent. Découvrez maintenant