နောက်ဆုံးမှာ မြေပုံရှိအခန်းတစ်ခုကို သူမတို့တွေ့ရှိသွားသည်။
ထိုအခန်းထဲသို့ ၀င်လိုက်ချိန်တွင် အခန်းမှာ တစ်ချက်လှုပ်သွားကာ ရွေ့လျားသွားသည်။သူမတို့လည်း အနည်းငယ်လန့်သွားကြသည်။
"မကြောက်နဲ့ ဒါကပျောက်ဆုံးသွားတဲ့ ရွေ့ပြောင်းအစီအရင်တစ်ခုပဲ။
တခြားအစီအရင်ထက် ပိုပြီးလုံခြုံတဲ့အပြင်
သာမာန်လူတွေတောင် အသုံးပြုလို့ရတယ်"လုလီက သူမလက်ခံထားရသည့် အမွေအနှစ်ထဲမှ အချက်အား သူမတို့ကိုပြောလိုက်သည်။
'ဒါက ဓာတ်လှေကားလို ပစ္စည်းမျိုးပဲ'
သူမနှင့်ရင်းနှီးသည့် အရာနှင့်တူညီမှုကြောင့်အတော်လေး ပျော်ရွှင်သွားသည်။စဉ်းစားကြည့်တော့ ငါကမ္ဘာမြေကလို အစားအစာတွေမစားရတာတောင်ကြာခဲ့ပေါ့။
သို့သော် ၀င်လာသမျှ အတွေးတိုင်းကို ခေါင်းထဲကထုတ်ပစ်လိုက်သည်။
'ခုချိန်က အဲ့တာတွေတွေးနေရမဲ့အချိန်မဟုတ်ဘူး။'
စု၀မ်သည် အတွေးပင်လယ်ထဲ အမြဲတမ်းလက်ပစ်ကူးနေတတ်သည့် ကိုယ့်ကိုကိုယ် ချက်ခြင်းသတိပေးလိုက်သည်။လူတိုင်းက စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေစဉ်ပင် တံခါးကြီးကပွင့်လာသည်။
တံခါးပွင့်လိုက်သည်နှင့် သူမတို့ အလယ်ပိုင်းသို့ရောက်ရှိနေပြီဖြစ်ကြောင်းသတိရလိုက်သည်။
အလယ်ပိုင်းသို့ရောက်သည်နှင့် စု၀မ်တို့ ပိုမိုသတိကပ်လာသည်။
ဒီနေရာတွင် ကြောက်စရာအကောင်းဆုံးမှာ
သားရဲများနှင့် ထောက်ချောက်များမဟုတ်ဘဲ
လူသားများ၏နှလုံးသားသာဖြစ်သည်။အခုမှအဆင့်တက်သွားသည့် ယွမ်အာက သူမတို့အဖွဲ့တွင် အဆင့်ကိုးသို့ရောက်သည့် တစ်ဦးတည်းသူ ဖြစ်ရာ သူမကရှေ့မှဦးဆောင်သွားသည်။
ယွမ်အာက ရှေ့ကဦးဆောင်၍ ရှောင်ဖေးက နောက်မှ အလစ်ချောင်းသူများရှိမရှိ စစ်ဆေးသည်။
ဆေးပညာရှင်က အလယ်မှလိုက်ရပြီး တိုက်ခိုက်နိုင်စွမ်း နိမ့်သည်။
သို့သော် စု၀မ်၏အစွမ်းကိုခံစားဖူးကြရာ
သူမအား အဖွဲ့၏ဝှက်ဖဲအဖြစ်သတ်မှတ်လိုက်ကြသည်။
YOU ARE READING
ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်
Fantasyလီစု၀မ်သည် သာမာန်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေဆို၍အိမ်ပြန်ချိန်တွင် အိမ်မှမိခင်ကထွက်ခွာသွားခဲ့သည်။ သူမမိခင်ထားခဲ့သောဖခင်၏အမွေပစ္စည်းလေးက စု၀မ်ရဲ့ဘ၀ကိုဘယ်လိုပြောင်းလဲသွားမလဲ။ သူမရဲ့ဖခင်ကကောဘယ်သူလဲ။ သူမရောက်ရှိသွားတဲ့ ကမ္ဘာမြေ...