💐1💐 { Z }

514 41 3
                                    

- ဟိုသုံးကောင် အခုချက်ချင်း အောက်ဆင်းလာစမ်း!!!!!

၀မ်အိမ်တော် အတွင်း ၀မ်သခင်ကြီး ရဲ့ အော်သံဟာ ကျားဟိန်းသလို ဟိန်းခနဲ ထွက်ပေါ်လာသည်။

မီးဖိုချောင်ထဲ ၀င်နေသော ၀မ်ကတော်မှာလည်း လုပ်လက်စ အလုပ်တွေကို ပစ်ထားခဲ့ကာ အလျင်အမြန် အိမ်ရှေ့ကို ထွက်လာခဲ့သည်။

ခင်ပွန်းဖြစ်သူ ဘာတွေ ဒေါသထွက်လာပြန်ပြီလဲ မသိ!!

- ယောကျာ်း ရှင် ဘာဖြစ်လာတာလဲ။

- ဘာဖြစ်ရမလဲ မင်းသား ၃ယောက် ကြောင့်လေ။

မျက်နှာကြီးနီရဲကာ အသက်ရှူသံတွေ ပြင်းတဲ့ အထိ ဒေါသထွက်နေရတဲ့ အကြောင်းအရင်း က ဘာများ ဖြစ်မလဲ။ သားတော်မောင် သုံးယောက် ဘာတွေ မွှေပြန်ပြီလဲ။

- ပါးပါးရာ ဘာတွေဖြစ်နေတာလဲ ဗျာ။  အော်ကြီးဟစ်ကျယ် နဲ့ လူကြားလို့မှ မကောင်း

တုတ်ချိုချဥ် ငုံလျက် ဆင်းလာသော ဒုတိယ သားဖြစ်သူ ၀မ်ဟောက်ရွှမ်း ကြောင့်

- မင်းပါးစပ်ထဲက ငုံထားတဲ့ ဟာကိုထုတ်စမ်း!!

ဟောက်ရွှမ်း - ဘာလဲ ပါးပါး စားချင်လို့လား။ မရဘူးနော် ဒါ ကိုကို သားကို ၀ယ်ကျွေးတဲ့ဟာ

- ဘာ!!! ဒီမှာ ၀မ်ဟောက်ရွှမ်း လမ်းထိပ်က ကစားကွင်းမှာ ကျိရန် က ကလေးတွေကို ချိုချဥ်ဝေ တာကို မင်းက ဖြတ်လုခဲ့ပြီး ဘာ ကိုကို ၀ယ်ကျွေးတဲ့ ဟာလို့ ပြောရတာတုန်း။ မင်းမှာ ချိုချဥ်၀ယ်စားဖို့ ပိုက်ဆံမရှိလို့လား။ ကလေးတွေနဲ့ အပြိုင် ရန်ဖြစ်ပြီး ဘာကိစ္စချိုချဥ်ထုတ်တွေကို အပိုင် သိမ်းလာတာလဲ။

၀မ်ကတော် မှာ အခုတော့ ပြဿနာတစ်ခုရဲ့ အရင်းအမြစ်ကို သိခဲ့လေပြီ။

- ပါးပါး တို့ရာ ဘာဖြစ်နေတာလဲ သား စာရေးနေတာကို

စူပုတ်ပုတ်နဲ့ ဆင်းလာသော အငယ်ဆုံးသား ၀မ်ရီပေါ် ကို ကြည့်ကာ ၀မ်သခင်ကြီး နှာမှုတ်လိုက်သည်။

- ဆိုစမ်းပါအုံး မင်းက ဘာစာတွေ ရေးနေတာလဲ။

ရီပေါ်  - ကျောင်းစာလေ။ မနက်ဖြန် စာစီစာကုံး ထပ်ရတော့မှာမို့

အခ်စ္ေရး / အချစ်ရေး{Z & U} [ Completed ]Where stories live. Discover now