💐27💐 [ U ]

99 7 0
                                    

ကျိရန် - ဟောက်ရွှမ်း

ဟောက်ရွှမ်း - ဟာ ကိုကို လိုက်လာတာလား။

ကျိရန် - အင်း စစ်ပြီးပြီလား။

ဟောက်ရွှမ်း - အင့်ဟင်း အခုမှ အစ်ကိုကြီး က ဓာတ်ခွဲခန်းဝင်သွားတာ။ အစ်ကိုကြီးအနား အစ်ကိုဟိုက်ခွမ်း ပါ ပါတော့ အစက  ကျွန်တော်အားငယ်နေတာ။ အခုတော့ ကိုကို လိုက်လာတော့ ကျွန်တော် အားရှိသွားပြီ။

ကျိရန် - အင်း!!

မကြာပါ ဓာတ်ခွဲခန်း ထဲမှ သွေးထုတ်ပြီး ထွက်လာသော ကျိုးချန်

- ၀မ်ဟောက်ရွှမ်း သွေးစစ်ရအောင်ရှင့်

ဓာတ်ခွဲခန်းမှ ဆရာမလေးခေါ်သံကြောင့် ဟောက်ရွှမ်း ထရပ်လိုက်သည်။ ကျိရန် ကပါ ဓာတ်ခွဲခန်းထဲထိ လိုက်သွားခဲ့သည်။

ဟိုက်ခွမ်း - အငယ် ဒီမှာ အအေးလေး သောက်လိုက်အုံး။

ကျိုးချန် - လူကြီးကလည်း သွေးလေး နည်းနည်းထုတ်တာကို ဘာမှ မဖြစ်ပါဘူး။

ဟိုက်ခွမ်း - အိုး နည်းနည်းလေးလည်း နည်းနည်းပေါ့။ ကိုယ်က အငယ် တစ်ခုခု ဖြစ်မှာကို စိုးရိမ်တာ။ လိမ္မာတယ် သောက်လိုက်နော်

ကျိုးချန် မှာ မသောက်ချင်သော အအေးကို အတင်းမော့သောက်လိုက်သည်။

ဟောက်ရွှမ်း - အား!!!!

အခန်းထဲက အော်သံကြောင့် ကျိုးချန် နဲ့ ဟိုက်ခွမ်း မျက်လုံးပြူးသွားရသည်။

ကျိုးချန် - အလတ်ကောင် ဘာဖြစ်တာလဲ မသိဘူး။

ဓာတ်ခွဲခန်းထဲတွင်

ဟောက်ရွှမ်း - အပ်ကြီးက အကြီးကြီးပဲ အား ကိုကိုရေ

ကျိရန် - ဟောက်ရွှမ်း စိတ်လျှော့ စိတ်လျှော့ အပ်က မကြီးပါဘူး။

- ခနလေးပါပဲ တစ်ချက်ပဲလေ မနာဘူး

ဟောက်ရွှမ်း - ဘယ်နာမလဲ ဆရာမတို့ အသားမှ မဟုတ် အမေ့!!

ကျိရန် က ဟောက်ရွှမ်း လက်မောင်းကို အားနဲ့ ညှစ်လိုက်ပြီး သွေးထုတ်ဖို့ Syring 5cc ကိုင်ထားသော ဆရာမကို ခေါင်းငြိမ့်ပြလိုက်သည်။ ဆရာမလေး ကလည်း ကြီးကောင်ကြီးမားနဲ့ အပ်ကြောက်နေသော လူနာကို ရယ်ချင်ပေမယ့် မရယ်နိုင်သေးဘဲ မြင်နေရသော ဖောင်းဖောင်းကြွကြွ သွေးကြောထဲ အပ်ကို ထိုးသွင်းပြီး သွေးစုပ်လိုက်သည်။

အချစ်ရေး / အချစ်ရေး{Z & U} [ Completed ]Where stories live. Discover now