💐23💐 [ U ]

91 4 0
                                    

ဟိုက်ခွမ်း - အငယ် ဘာစားမလဲ။

ကျိုးချန်  - ဘာဖြစ်ဖြစ် ရတယ်။

ဟိုက်ခွမ်း - ဘာဖြစ်ဖြစ် ရတယ်ဆို ကိုယ့်ကိုစားမလား။

ကျိုးချန် - .....

မျက်လုံးပြူးကာ အရှေ့က လူကိုပဲ ကြည့်လိုက်မိသည်။ တကယ်ပဲ ဒီလူကြီး ပြောရဲ ဆိုရဲ ရပ်ကွက်ကလား။

မနေ့ညကလည်း စိတ်ဆိုးမပြေမချင်း သူများနှုတ်ခမ်းကို လာနမ်းတယ်။ အခုလည်းကြည့် သူ့ကို စားပါလားတဲ့။

ကျိုးချန် - မျက်နှာမရူးနဲ့။

ဟိုက်ခွမ်း - မရူးပါဘူး။ အတည်ပြောတာ ကိုယ့်ကို စားမလား။ ကိုယ်က အရမ်းစားကောင်းတာ

ကျိုးချန် - ချီး!!! ခင်ဗျား ကိုပဲ စားရမလား ခင်ဗျားကပဲ ကျွန်တော့်ကို စားသွားမလား မသိတာကို အရဲစွန့်ပြီး မစားရဲပါဘူး။

ဟိုက်ခွမ်း - ဟား

မျက်နှာကို မဲ့ရွဲ့ကာ ပြောလာသော အငယ်ကြောင့် သဘောကျကာ ရယ်မိလိုက်သည်။

စားသောက်ဆိုင်ရောက်တော့ အငယ့်အတွက် သိုးသားစတိတ် မှာပေးပြီး သူအတွက်ကျတော့ အမဲသားစတိတ်

ဟိုက်ခွမ်း - ဒီဆိုင်က သိုးသားစတိတ် က အရမ်းစားကောင်းတယ်။

ကျိုးချန် - ခင်ဗျားကျတော့ ဘာလို့ မမှာဘဲ အမဲသားမှာရတာလဲ။

ဟိုက်ခွမ်း - ကိုယ်က သိုးသားထက် အငယ်ဆိုတဲ့ ကြောင်သားပဲ ကြိုက်တာ။

ကျိုးချန် - ခင်ဗျား!!

မဟုတ်တော့ဘူး ဒီလူကြီး မဟုတ်တော့ဘူး။ တကယ့်ကို မျက်နှာရူးပြီး ပြောရဲဆိုရဲ လာတယ်။ အမယ်လေး အရင်က ရုပ်တည်ကြီး  နေပြီး ချေမိုးနေသော လျှိုဟိုက်ခွမ်း ဘယ်ရောက်သွားတာလဲ။

ဟိုက်ခွမ်း - ဟိုနေ့ညက စကားအတွက် ကိုယ်တောင်းပန်ပါတယ် အငယ်။ အငယ် ကို ညဘက် အပြင်မထွက်စေချင်ဘူး။ ဘာလို့ဆို ညဘက်က အရမ်းအန္တရာယ် များတယ်။ မတော်လို့ လမ်းမှာ တစ်ခုခု ဖြစ်ရင် ကိုယ် ပဲ ရင်ကျိုးရမှာ။ ဒါကြောင့် ကိုယ်က မသွားခိုင်းတာပါ။

ကျိုးချန် - ကျွန်တော်လည်း မှားမှန်း သိပါတယ်။ တကယ်ဆို ကျွန်တော်က အိမ်ထောင်သည် ဖြစ်နေပြီ။ အဲ့လို  လက်လွတ်စပယ် မသွားသင့်မှန်း သိသင့်တယ်။ ကျွန်တော် စိတ်ဆိုးတာမဟုတ်ဘူး။ စိတ်မကောင်းဖြစ်တာ။ လူကြီး အိမ်မှာ လိုက်နေရတော့ လူကြီး စကားတွေက ကျွန်တော့်ကို သိမ်ငယ်စေပြီး စိတ်မကောင်းဖြစ်စေခဲ့တာ။

အချစ်ရေး / အချစ်ရေး{Z & U} [ Completed ]Where stories live. Discover now