💐29💐 [ U ]

100 3 0
                                    

ကျိုးချန် - လူကြီး

ဟိုက်ခွမ်း - ပြောလေ အငယ်

ကျိုးချန် - ပင်လယ်သွားရအောင် နေထွက်တာ ကြည့်ချင်လို့။

ဟိုက်ခွမ်း - အခုလား

ကျိုးချန် - အင်း

ဟိုက်ခွမ်း - ကောင်းပြီ သွားကြတာပေါ့။

အချိန်ကား ည ၁၁ နာရီတောင် ရှိလောက်ပြီ။ ညအိပ်အင်္ကျီကို ပြန်လဲပြီး နှစ်ယောက်သား ပင်လယ် ကို ထွက်လာလိုက်သည်။

ဟိုက်ခွမ်း - မုန့်စားအုံးမလား အငယ်။

ကျိုးချန် - အင့်ဟင်း။ လူကြီး လက်ပေး

စတီယာရင် ကို ကိုင်ထားသော လက်တစ်ဖက် ကို ပေးလိုက်တော့

ကျိုးချန် - ပျော်ရွှင်စရာ ၂လပြည့် မင်္ဂလာလပတ်လည် ဖြစ်ပါစေ

လက်ကောက်ဝတ်ပေါ် ရောက်လာသော ပီချူး အရုပ်လေးပါ ပါတဲ့ ကျောက်စိမ်း လက်ကောက်လေး

ဟိုက်ခွမ်း - အငယ်

ကျိုးချန် - ကြိုက်တယ်မလား။ ဆင်တူလေး

ကျန်နေသေးသော တစ်ကွင်း ကို သူ့လက်မှာ ပတ်ပြီး ထောင်ပြလာတာမို့ ဟိုက်ခွမ်း ပြုံးလိုက်မိသည်။

တကယ်ပါ အငယ် က ဘယ်လိုတောင် ချစ်ဖို့ ကောင်းနေပါလိမ့်!!

ဟိုက်ခွမ်း - ကြိုက်တယ် လက်ကောက်ကိုရော။ လက်ကောက်ပေးတဲ့ သူကိုရော ကြိုက်တယ်။

ကျိုးချန် - အဟွန်း

နှုတ်ခမ်းထောင့်လေး တစ်ဖက်တွန့်ချိုးကာ ပြုံးလိုက်သော ကျိုးချန် အပြုံးဟာ ဟိုက်ခွမ်း ကို ရင်သပ်ရှုမော စေသည်။

၂နာရီကျော် ၃နာရီ နီးပါး မောင်းလာလိုက်တာ နောက်ဆုံးတော့ ****ကမ်းခြေကို ရောက်လာခဲ့သည်။

ကျိုးချန် - ဝါး လတ်ဆက်လိုက်တာ

ကားပေါ်မှ နှစ်ယောက်သား ဆင်းလိုက်ကြပြီး ကျိုးချန် က လက်နှစ်ဖက်ကို ဆန့်တန်းကာ တိုက်ခတ်လာသော လေတွေကို တ၀ကြီး ရှူရှိုက်လိုက်သည်။

ဟိုက်ခွမ်း - အေးလား အငယ်။

ကျိုးချန် - မအေးဘူး။ လူကြီး ကျွန်တော် က ဆေးရုံဆင်းရင် ဂျယ်ဂျူကျွန်း သွားချင်တယ်။

အချစ်ရေး / အချစ်ရေး{Z & U} [ Completed ]Where stories live. Discover now