💐16💐 [ U ]

91 7 0
                                    

ကျိရန် - ၀မ်ဟောက်ရွှမ်း မင်း ဘာဖြစ်ချင်နေတာလဲ ဟမ်။ ၂ပတ်ရှိပြီ ဒီသွားလေး နှုတ်ရတာကို သေမလိုတွေ စိတ်ကောက်ပြမနေနဲ့။

ဟောက်ရွှမ်း - ကိုကို မှ မခံရတာ!!!

ကျိရန် - ကျစ် အဲ့တော့ ငါက အဲ့သွားကို ပြန်စိုက်ပေးရမလား ပြော!!

ကျိရန် တကယ် စိတ်မရှည်တော့ပါ။ သွားပိုးစားနေလို့ နှုတ်ခိုင်းလိုက်မိပါတယ် ၂ပတ်လောက် စိတ်ကောက် ကာ အဖက်မလုပ်သော ဟောက်ရွှမ်း ကြောင့် တကယ့်ကို စိတ်တိုလာနေပြီ။

တစ်ဖက်ကလည်း စာမေးပွဲကြောင့် Stress များနေပါတယ်ဆို ဒီငဂျစ်ကောင်က တစ်မျိုး။ ကိုယ့်ထက် ငယ်တဲ့ လူတွေ ကို ချစ်ရတာ အဆင်မပြေချက်တွေ

ကျိရန် - မင်း ဒီလိုပဲ ဆက်သွားနေမယ်ဆို ဒီဆက်ဆံရေးကို ငါ အစကနေ ပြန်စဉ်းစားရတော့မယ် ဟောက်ရွှမ်း

ဟောက်ရွှမ်း - ဘာ!! ခင်ဗျား ဘာစကားပြောလိုက်တယ် စုန့်ကျိရန်!!

ဟောက်ရွှမ်း တကယ့်ကို ဒေါသထွက်သည်။

ကျိရန် - ငါ စာမေးပွဲကြောင့် မအားမလပ်တဲ့ ကြားထဲမှ မင်းကို ဒီလောက် ချော့နေရတာကို မင်း က ဘာဖြစ်ချင်နေတာလဲ ဟမ်။ ငါ တကယ် စိတ်တိုတယ်။ စိတ်လည်း ကုန်တယ်။

တစ်ခါမှ မျက်ရည်မကျဖူးသော စုန့်ကျိရန် မှာ အခုတော့ မျက်ရည်တွေကို ထိန်းထားနိုင်စွမ်း မရှိတော့ပဲ ငိုချမိတော့သည်။

အဲ့တော့မှ ဟောက်ရွှမ်း လည်း ပြာပြာသလဲ ဖြစ်သွားပြီး

ဟောက်ရွှမ်း - ဟာ ကိုကို မငိုပါနဲ့ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် တကယ် တောင်းပန်ပါတယ် ကိုကို

ကျိရန် - ငါ ဘာအမှားများ လုပ်မိလို့လဲ ဟမ်!! ငါက မင်း ဝေဒနာကို ခံစားနေရတာ မကြည့်လိုက် သွားနှုတ်ခိုင်းတာပါ

ဟောက်ရွှမ်း - ဟုတ်ပါတယ်။ ကျွန်တော် မှားတာပါ တောင်းပန်ပါတယ် ကိုကို မငို ပါနဲ့။

ဟောက်ရွှမ်း မှာ ကျိရန် မျက်ရည်တွေကို သုတ်ပေးပြီး တောင်းပန်စကားကိုတာ တတွတ်တွတ်နဲ့ ဆိုနေရသည်။

သူ သွားနှုတ်ပြီးတဲ့ နောက်ရက်က စပြီး ကျိရန် ကို စကားမပြောတာ ၂ပတ်ရှိခဲ့ပြီ။ ဘာကို စိတ်ကောက်လို့ စိတ်ကောက်နေမှန်း လည်း သူကိုယ်တိုင် မသိ။

အချစ်ရေး / အချစ်ရေး{Z & U} [ Completed ]Where stories live. Discover now