💐9💐 [ Z ]

220 29 1
                                    

ဟိုက်ခွမ်း - ကျိုးချန် ဒီဓာတ်ပုံတွေကို ကပ်ပေးအုံး။

ကျိုးချန် - ဟုတ်ကဲ့ CEO

ဟိုက်ခွမ်း ကမ်းပေးသော အဆောက်အအုံ ပုံတွေ ကို ယူကာ စားပွဲမှာ ထိုင်ပြီး အကျအန ထိုင်ကာ A4 စာရွက်ပေါ်မှာ ကော် နဲ့ သေချာ ကပ်ပေးနေသည်။

ကျိုးချန် - အယ် ကပ်ကုန်ပြီ

စာရွက်ဘေးမှာ အနည်းငယ်ကျန်သေးသော ကော်ရည်တွေပေါ် လက် ချမိသည်။ ပြန်ခွာတဲ့ အခါမှာ စာရွက်တစ်ရွက်လုံးက လက်မှာ ကပ်ပါလာတာမို့ ကျိုးချန် ပြာယာခတ်သွားသည်။

အသာလေးဆွဲခွာလိုက်တာ စာရွက်က ပြဲသွားပြီး အပိုင်းအစ တွေက လက်မှာ ကပ်ကျန်ခဲ့သည်။

ကျိုးချန် - သွားပြီ။

ပျက်စီးသွားတဲ့ စာရွက်ကို အသာယူကာ ကတ်ကြေးနဲ့ ဓာတ်ပုံလေးကို ညှပ်ယူလိုက်သည်။

ကျိုးချန် - အဟွန်း အဆင်ပြေပြီ။ ငါကွ ၀မ်ကျိုးချန်

ကြိတ်ပြီး ပျော်နေသော ကျိုးချန်။ ပုံတွေကို ပြန်ကပ်နေတုန်း

ဟိုက်ခွမ်း - ကျိုးချန် မင်း ဘာကော်နဲ့ ပုံတွေ ကပ်နေတာလဲ။

ကျိုးချန် - ဒီကော်လေ

ထောင်ပြလာသော 502 ကော်ဗူးကို ကြည့်ကာ ဟိုက်ခွမ်း အံ့သြသွားသည်။

ဟိုက်ခွမ်း - အဲ့ကော် နဲ့ မကပ်ရဘူး။ စာရွက် ကပ်တဲ့ ကော် သက်သက်ရှိတယ်။

ကျိုးချန် - ကော် ပဲ ဘာနဲ့ ကပ်ကပ် အလုပ်ပြီးရင် ရပြီမလား။

ထပ်ပြီး ကော်နဲ့ ကပ်ဖို့ လုပ်နေတာမို့ ဟိုက်ခွမ်း ကော်ဗူးကို ဆွဲလုလိုက်သည်။

ကျိုးချန် ကလည်း သူ့ကော်ဗူး ပါသွားတာမို့ ပြန်လုသည်။ ထိုလူ လု ဒီလူ လု နဲ့ ကော်ဗူးထဲမှ ကော်ရည်များမှာ ဗူးထဲမှ ထွက်ကျများ နှစ်ယောက်လုံး ရဲ့ လက်ပေါ်သို့ ကျကုန်သည်။

ဒါကို သတိမထားမိကြသေးပဲ ဆက်လုနေကြတာ နောက်ဆုံး ကော်ဗူးကို ကျိုးချန် က ရရှိသွားသည်။

ကျိုးချန် - ဟွန်း ကျွန်တော် ရပြီ။ အလုပ်ပြီးအောင် လုပ်လိုက်အုံးမယ်

အခ်စ္ေရး / အချစ်ရေး{Z & U} [ Completed ]Where stories live. Discover now