💐24💐 [ Z ]

185 19 0
                                    

ကျိရန် - ဘာအဆင်မပြေတာ ရှိလို့လဲ။

ဟောက်ရွှမ်း - အင့်ဟင်း!!

ကျိရန် - ကိုယ့်ကို ရင်ဖွင့်လို့ ရတယ်နော်။ ဘာကိစ္စဖြစ်ဖြစ် ကိုယ့်ကို တိုင်ပင် ဟုတ်ပြီလား။

ဟောက်ရွှမ်း - အင်း

Moonlight ကို ရောက်တာ့ ဟောက်ရွှမ်း မျက်နှာ ရွှင်လန်းနေတာမို့ ကျိရန် သက်ပြင်းချလိုက်သည်။ အမှန်တော့ သူ့ကောင်လေး ဟန်ဆောင်ပြုံးနေတယ်ဆိုတာ သူသိတာပေါ့

- ငါတို့ ဒီမှာ ကျိရန်

တောင့်စွန်းဝိုင်းမှာ ထိုင်နေကြတဲ့ သူငယ်ချင်းတွေက လက်လှမ်းပြကြတာမို့ ဟောက်ရွှမ်း လက်ကို ဆွဲကာ ထိုဝိုင်းကိုတာ ဦးတည်လိုက်သည်။

- မင်းတို့က နောက်ကျတာကွာ

ကျိရန် - မနောက်ကျပါဘူး။ မင်းတို့ ဘာသာ အစောကြီး ရောက်နေကြပြီးတော့

- ဒါကတော့ ကွာ

- ထိုင်ကြ ဟောက်ရွှမ်း ညီလေး ထိုင်

ဟောက်ရွှမ်း နဲ့ ကျိရန် ထိုင်လိုက်တာနဲ့ အရက်ခွက်တွေက သူတို့ရှေ့ တန်းခနဲ!!

- သောက်!! ဒီည အမူးသောက်ကြတာပေါ့ ငါတို့သူငယ်ချင်းတွေ နောက်ဆို ဆုံဖို့ မလွယ်တော့ဘူး။

- ဟုတ်တယ်!! အမူးသောက်ကြရအောင် လာ ကမ်းပေ့!!

အရက်ခွက်ချင်းတိုက်သံတွေက ဆူညံစွာ ထွက်ပေါ်လာသည်။ မကြာပါ မူးမူးကြွကြွ သီချင်းသံတွေပါ ထွက်ပေါ်လာကြပြီး Dance Floor မှာ ဆင်းက တဲ့ သူတွေက က, နဲ့

ကျိရန် - ငါ့ကောင်လေး အရမ်းသောက်

ဟောက်ရွှမ်း - အဟီး ကျွန်တော် အရမ်းကြိုက် အီးဟီး

အရမ်းကြိုက်လို့ ပြောပြီး ငိုလာသော သူကြောင့်

ကျိရန် - ဟောက်ရွှမ်း ဘာဖြစ်တာလဲ။ ဘာဖြစ်လို့ ငိုတာလဲ။

ဟောက်ရွှမ်း - ကိုကို အီးဟီး

ရင်ခွင်ထဲ တိုးဝင်ကာ ငိုလာသော ဟောက်ရွှမ်းကြောင့် ကျိရန် ကျောလေးကိုသာ အသာပုတ်ပေးလိုက်သည်။

မဟုတ်မှ ၀မ်ဟောက်ရွှမ်း က မူးရင် ငိုတတ်တာလား!!!

ညလည်း အတော်ညဥ့်နက်နေပြီဖြစ်သလို အားလုံးကလည်း အတော့်ကို ရေချိန်ကိုက်နေကြပြီ

အခ်စ္ေရး / အချစ်ရေး{Z & U} [ Completed ]Where stories live. Discover now