💐10💐 [ U ]

108 5 0
                                    

- CEO ကုမေရန် က တွေ့ခွင့်တောင်းနေပါတယ်။

စာရင်းတွေ လုပ်နေတုန်း ကျစ်မင် ရဲ့ စကားကြောင့်

ဟိုက်ခွမ်း - ၀င်လာခိုင်းလိုက်။ ဒါနဲ့ ၀မ်ကျိုးချန် ရော

- ခန က ဖုန်းဆက်မေးတော့ ရေကူးကန်မှာလို့ ပြောပါတယ်။

ဟိုက်ခွမ်း - သူပဲ သာယာတယ်။ ကုမေရန် ကို ခေါ်လိုက်

- ဟုတ်ကဲ့

ကျစ်မင် ထွက်သွားပြီး ဘယ်လောက်မှ မကြာ ကုမေရန် နဲ့ အတူ အခန်းထဲ ပြန်ရောက်လာသည်။

- အစ်ကိုဟိုက်ခွမ်း တကယ်ပဲလား။

ရောက်ရောက်ခြင်း အစမရှိ အဆုံးမရှိ ထမေးတဲ့ စကားကြောင့် ဟိုက်ခွမ်း အပါအ၀င် ကျစ်မင်ပါ ကြောင်အသွားသည်

ဟိုက်ခွမ်း - ဘာကို ပြောတာလဲ မသိဘူး

- ၀မ်ကျိုးချန် က အစ်ကို နဲ့ လက်ထပ်မဲ့သူဆို!!

ဟိုက်ခွမ်း နဲ့ ကျစ်မင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အကြည့ချင်း စကားပြောနေကြသည်။

👀သူက ဘယ်လိုသိတာလဲ။👀

👀ကျွန်တော်လည်း မသိပါဘူး CEO!!👀

- ဟုတ်လား လို့

ဟိုက်ခွမ်း - အွန်း။ ကိုယ် နဲ့ ကျိုးချန် က မကြာခင် လက်ထပ်ကြတော့မှာပါ။

- တကယ်ကြီး တကယ်ကြီးပေါ့ အဟင့် ဘာလို့ မေ့ အပေါ် လုပ်ရက်တာလဲ။ မေ က အစ်ကို့ ကို အရမ်းချစ်တာကို။ အစ်ကို က ဘာလို့ ယောကျာ်းချင်း ကြိုက်ရတာလဲ လို့!!

ဟိုက်ခွမ်း - ကိုယ် က အစကတည်းက Gay နေလို့လေ

စကားတွေ ရှည်ရှည်ဝေးဝေး မပြောချင်တော့တာကြောင့် ခပ်ပြတ်ပြတ်ပဲ ပြောလိုက်တော့သည်။

ဟိုက်ခွမ်း - ဒါနဲ့ အစ်ကို တို့ အကြောင်း ဘယ်လို သိတာလဲ။

- ၀မ်ကျိုးချန် ပြောတာ

ဟိုက်ခွမ်း - ဟင်

ဟိုက်ခွမ်း မှာ ဘာစကားမှ မပြောနိုင်အောင် ဆွံ့အသွားသည်။  ကျိုးချန် က ကျိုးချန် က သူတို့ လက်ထပ်မဲ့ အကြောင်း သိသွားရတာလဲ။

ကုမေရန် ပြန်သွားမှ ၀မ်ကျိုးချန် ရှိရာ ရေကူးကန် ဘက်ကို ထွက်လာလိုက်သည်။

အချစ်ရေး / အချစ်ရေး{Z & U} [ Completed ]Where stories live. Discover now