💐13💐 [ U ]

80 7 0
                                    

ကုမ္ပဏီဝင်ပေါက်ရှေ့ ပန်းစည်းကြီး ကိုင်ကာ ရပ်နေသော CEO ကြောင့် ၀န်ထမ်းတွေ အားလုံး တီးတိုးတီးတိုး နဲ့ တွတ်ထိုးနေကြသည်။

- CEO က ပန်းစည်းကြီးနဲ့ ဘယ်သူ့ကို စောင့်နေတာလဲ မသိဘူး။

- ကုမေရန် ကိုများ ပေးဖို့လား။

- CEO ရဲ့ ပန်းစည်းကို ရမဲ့သူကို တအား သိချင်နေပြီ။

ဝန်ထမ်းတွေ အားလုံးမှာ ထိုပန်းစည်းရဲ့ပိုင်ရှင်ကို တအား သိချင်နေကြပြီ ဖြစ်သည်။

မကြာခင် ကုမ္ပဏီသို့ ရောက်ရှိလာသော ကျိုးချန် မှာ အပေါက်ဝမှာ ပန်းစည်းကြီး ကိုင်ပြီး ရပ်နေသော သူကြောင့်

*ဘာလဲ ပန်းစည်းကိုင်ပြီး ဘာရပ်လုပ်နေတာလဲ။ မဟုတ်မှ ပန်းစည်းက ငါ့အတွက်လား။ မဖြစ်နိုင်တာ။ ပန်းစည်း ပေးရအောင် ငါက မိန်းကလေးမှ မဟုတ်တာ*

ဟိုက်ခွမ်း - အငယ် ရော့

ကိုယ်ရှေ့ရောက်လာသော ပန်းစည်းကို ကြည့်ကာ ပေးလာသူကိုလည်း ကြည့်လိုက်တော့ တစ်ဖက်က ပြုံးနေတာမို့

ကျိုးချန် - ပန်းစည်းက ဘာလုပ်ဖို့လဲ။

ဟိုက်ခွမ်း - အငယ့်ကို ပေးတာလေ။ ကိုယ် အငယ့်ကို ပိုးပန်းတဲ့ ခြေတစ်လှမ်း

ကျိုးချန် ဘေးဘီကို ဝဲကြည့်တော့ သူတို့ကို အံ့သြစွာ ကြည့်နေကြသော ၀န်ထမ်းတွေကြောင့်

ကျိုးချန် - ရူးနေလို့ အခုလိုကြီး

ဟိုက်ခွမ်း - ကိုယ်ပြောထားတယ်လေ။ ကိုယ်က ပေါ်တင်ပိုးပန်းမှာလို့။ အငယ့်မှာ ငြင်းခွင့်မရှိဘူးလို့ ပြောထားတယ်လေ။ လက်ခံလိုက် အငယ်

ပိုးပန်းနေတာလား အနုကြမ်းစီးနေတာလား မသဲကွဲ!!

ကျိုးချန် - ပေးပေး လက်ခံရင် ရပြီမလား။

ပန်းစည်းကို ဆောင့်ဆွဲယူလိုက်ပြီး ပေစောင်းစောင်းနဲ့  ကြည့်လိုက်တော့ အနမ်းတစ်ပွင့်ကို လက်ခံရရှိလိုက်သည်။

- အို!!

- ဟယ်!

- ငါတို့ CEO ကြီးက....CEO ကြီးက

ဝန်ထမ်းမလေးတွေမှာ ပြောစရာ စကားမရှိတော့တဲ့ အထိ ဆွံ့အနေကြသည်။

အချစ်ရေး / အချစ်ရေး{Z & U} [ Completed ]Where stories live. Discover now