💐8💐 [ U ]

95 4 0
                                    

- မတွေ့ရတာ ကြာပြီနော် လျှိုဟိုက်ခွမ်း

ဟိုက်ခွမ်း - မတွေ့လေ ပိုကောင်းလေပဲ။ ထ အခန်းပြန်မယ် ၀မ်ကျိုးချန်

ကျိုးချန် - ဟမ်

ဟိုက်ခွမ်း - ပြန်မယ်

ကျိုးချန် ကို လက်မောင်းမှ ဆောင့်ဆွဲပြီး Bar ထဲမှ ထွက်လာလိုက်သည်။ ကျိုးချန် ကတော့ ကြောင်တောင်တောင် လေးနဲ့ ဟိုက်ခွမ်း ဆွဲခေါ်ရာနောက် ပါသွားခဲ့သည်။

ကျိုးချန် နေတဲ့ အခန်းကို ရောက်တော့ ကျိုးချန် ကို ဆိုဖာခုံပေါ် ပစ်တင်ပြီး

ကျိုးချန် - အ့

ဟိုက်ခွမ်း - လီပေါရိန် နဲ့ ဝေးဝေးနေစမ်း

ကျိုးချန် - ဘာကိစ္စနေရမှာတုန်း သူငယ်ချင်းတစ်ယောက် ရတာ နည်းလား။

ဟိုက်ခွမ်း - ဘယ်သူနဲ့ သူငယ်ချင်းဖြစ်ဖြစ်ရတယ်။ လီပေါရိန် နဲ့တော့ မရဘူး။

ကျိုးချန် - ဘာလို့လဲ။ ဘာလို့ မရတာလဲ

ဟိုက်ခွမ်း -  သူက ကိုယ်တို့ကုမ္ပဏီ နဲ့ ပြိုင်ဖက်။ မင်း ကို အသုံးချပြီး ကုမ္ပဏီ ကို ထိခိုက်မှာ ဆိုးလို့ကွ

ကျိုးချန် - ကျွန်တော်က အသုံးချခံရအောင် အဲ့လောက်ထိ အ တဲ့ လူလား။

တစ်ယောက်က ဒေါသတကြီး အော်ပြောလျှင် နောက်တစ်ယောက်ကပါ ဒေါသတကြီး ပြန်အော်သည်။

ဟိုက်ခွမ်း - ဘယ်လိုပဲ ပြောပြော မင်း သူနဲ့ မပတ်သက်ရဘူး။

ကျိုးချန် - မွေးထားတဲ့ မိဘစကားတောင် နားမထောင်တာ ခင်ဗျား စကားကို နားထောင်စရာလား။ ကိုယ့်အကန့်နဲ့ ကိုယ်နေ။

ဟိုက်ခွမ်း - မင်း အတော်ဆိုးတာပဲ။

ကျိုးချန် - ဘယ်တုန်းကရော လိမ္မာနေလို့လဲ။ သွား အခန်းထဲက ထွက်တော့။ အိပ်တော့မယ်။

အခန်းထဲမှ အတင်းနှင်လွှတ်နေသော ကောင်လေးကြောင့် သက်ပြင်းအသာချကာ အခန်းထဲမှ ထွက်လာလိုသည်။

ကျန်ခဲ့သော ကျိုးချန်မှာလည်း စူပုတ်ပုတ်ဖြင့်

ကျိုးချန် - လူ့အခွင့်အရေး ကို လိုက်ပိတ်ပင်နေတာ။ ကြည့်ထား လီပေါရိန် နဲ့ ကို သူငယ်ချင်း လုပ်ပြမယ်။

အချစ်ရေး / အချစ်ရေး{Z & U} [ Completed ]Where stories live. Discover now