💐5💐 [ U ]

123 7 0
                                    

- ဟေ့ ဟိုကောင်လေး ကို ကြည့်စမ်း ကနေတာ ကွေးနေတာပဲ။

သူငယ်ချင်းတွေရဲ့ စကားကြောင့် လီပေါရိန် Dancing Floor ကို လှမ်းကြည့်တော့ ခပ်တောင့်တောင့် ကောင်မလေး ခါးကို ဖက်ပြီး မီးကုန်ယမ်းကုန် ကနေသော ကောင်လေး

- အက အရမ်းတော်တာပဲ။

- ငါ သူ့ကို သိတယ်။ သူက ၀မ်ကျိုးချန် ပဲ။

- ၀မ်ကျိုးချန်!! ဘယ်သူလဲ။

- ၀မ်အိမ်တော်ရဲ့ သားအကြီးလေ။ လီပေါရိန် မင်း  တို့ ကုမ္ပဏီ မှာတောင် သူအလုပ် လုပ်သေးတယ်။ ၁ပတ်တည်း နဲ့ ကောင်မလေး ၄ ယောက်ကို အပြိုင်ဖွန်ကြောင်လို့ လီဉီးလေး က သူ့အဖေဆီ သွားပြီး အလုပ် မလုပ်ခိုင်းပါနဲ့တော့ ဆိုပြီး တောင်းပန်ခဲ့ရသေး။

- အာ ပါး နဲ့ ဖုန်းပြောတိုင်း ပါး ပြောနေကြ ကောင်လေး ကို။

- ဘယ်ကုမ္ပဏီ နဲ့မှ အဆင်မပြေတဲ့ သူက အခု ချင်းယွဲ့မှာ ငြိမ်နေတာ ၆ လနီးပါး ရှိနေပြီ။

- ချင်းယွဲ့ က CEO က အတော်စည်းကမ်းကြီးတာကွ။ ကြည့်ရတာ လျှိုCEO ကြောင့် အပိုးကျိုးသွားတာလား မသိဘူး။

သူငယ်ချင်းတွေ ပြောနေကြတဲ့ စကားတွေကို မကြားတော့ပဲ Dancing Floor မှာ ကနေသော ကောင်လေး ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေမိသည်။

ချောတာတော့ အတော့်ကို ချောသည်။

- သူ့မှာ ရည်းစားရှိလား။

- မရှိပါဘူးကွာ။ ဖွန်တာကြောင်တတ်တာ မယ်မယ်ရရ ကောင်မလေး မရှိဘူး။ အခုထိ သူက တစ်ကိုယ်တည်းပဲ။

- သူက ယောကျာ်းလေးကိုရော ကြိုက်လား။

- အဲ့တာတော့ ငါလည်း မသိဘူး။ သူက မိန်းကလေး ပဲ စိတ်ဝင်စားတာတော့ သိတယ်။ ဘာလို့လဲ။

- ငါ သဘောကျလို့ သူ့ကို လိုက်မလို့

- ဘာ!!!!

လီပေါရိန် အပြောကြောင့် သူငယ်ချင်းတွေ အားလုံး အလန့်တကြားထအော် လိုက်မိသည်။

တော်သေးတယ် DJ သံကြောင့် ဆူညံနေတာမို့။ မဟုတ်ရင် တစ်အုပ်စုလုံး ဝိုင်းရိုက်ခံရမဲ့ ကိန်း

အချစ်ရေး / အချစ်ရေး{Z & U} [ Completed ]Where stories live. Discover now