💐4💐 { Z }

246 20 0
                                    

ဟိုက်ခွမ်း - ကျိုးချန် ကိုယ် Meeting တတ်လိုက်အုံးမယ်။ မင်း ကို ပေးထားတဲ့ အလုပ်တွေ ပြီးအောင် လုပ်ထား ဟုတ်ပြီလား။

ကျိုးချန် - ဟုတ်ကဲ့ စိတ်ချလက်ချနဲ့ Meeting တတ်လိုက်ပါ။

ဟိုက်ခွမ်း စိတ်မချခြင်းများစွာဖြင့် မန်နေဂျာ နဲ့ အတူ အစည်းအဝေး ခန်းမကို ထွက်လာခဲ့သည်။

ကျေးဇူးပြုပြီး သူပြန်ရောက်လာချိန် ရံးခန်းကြီး ဇောက်ထိုးကြီး မဖြစ်ပါစေနဲ့!!

ကျိုးချန် လည်း ဟိုက်ခွမ်း ထွက်သွားတာနဲ့ ခန လိုင်းသုံးရန် ဖုန်းကို ဖွင့်လိုက်ပြီး လိုင်းပေါ် တတ်လာခဲ့သည်။

လိုင်းဖွင့်ဖွင့်ချင်း တတ်လာသော Noti သံတွေကြောင့် အလျင်အမြန် ဖုန်းသံကို တိုးလိုက်ရသည်။

ကျိုးချန် - ဘာလဲဟ Noti တွေ ဘာလို့ တတ်နေတာတုန်း

ကြည့်လိုက်တော့ သူ့ကို Mention ခေါ်ထားကြတာ မနည်းမနော

-@wangzhoucheng မင်း ဒီချဲလန့်မှာ ပါ၀င်ပေးပါ။

- ကျိုးချန်ရေ လုပ်လိုက်တော့။

- ငါတို့ ကျိုးကျိုး က ပြပါဟေ့

မန့်တွေ ဖတ်ပြီးနောက် မူရင်းVd ကို ဖွင့်ကြည့်လိုက်သည်။

ထိုင်းသီချင်း အိပိ အက!! ဟ ငါ့ကို ဘာအကတွေ လာကခိုင်းနေတာတုန်း။ တကယ်ပါပဲကွာ။

သူ့ကို အချို့သူငယ်ချင်းတွေက အစ Mention ခေါ်ထားတာမို့ သူ့မှာ မကချင်လည်း ကရတော့မည်။

အခုချိန် လျှိုဟိုက်ခွမ်း ကြီးက အစည်းအဝေးခန်းထဲမှာ ငါ ကလို့ ရသေးတယ်။

ဖုန်းကို အသေအချာ Setting တွေ ချိန်ပြီးနောက် အက လေ့ကျင့်လိုက်သည်။ ၅ ခေါက် ၆ ခေါက်လောက် ကျင့်ပြီးနောက် ရသွားမှ အတည် စကတော့သည်။

အိပိ ရဲ့ သီချင်း အတိုင်း စစလာချင်း လက်နဲ့ ငရုတ်သီးထောင်း ကနေ စသည်။

ဟိုက်ခွမ်း အစည်းအဝေး လုပ်ခါနီးမှ W ကုမ္ပဏီ ဘက်မှ စာချုပ်လာချုပ်ဖို့ ရှိတာကို သတိရပြီး မန်နေဂျာကိုတာ အစည်းအဝေး တတ်ခိုင်းပြီး သူကတော့ ရုံးခန်း ဘက် ပြန်လာလိုက်သည်။

အခ်စ္ေရး / အချစ်ရေး{Z & U} [ Completed ]Where stories live. Discover now