💐12💐 [ U ]

89 8 1
                                    

ဟိုက်ခွမ်း နေအိမ်အဟောင်းဘက် ရောက်တော့ ကျိုးချန် က ဧည့်ခန်းမှာ ထိုင်ကာ ထမင်းစားနေသည်။

ဟိုက်ခွမ်း - အဟွန်း အိမ်ပေါ်က ဆင်းသွားတယ်ကြားလို့ ဘယ်များ သွားတာလဲလို့ စိတ်ပူလိုက်တာ။ အခုတော့ ကြည့်ပါအုံး နေအိမ်အဟောင်းမှာ လာပြီး စခန်းချနေတာပေါ့

ကျိုးချန် - ခင်ဗျား ဘာလာလုပ်တာလဲ

ထမင်းကို ပလုတ်ပလောင်းစားနေရာမှ ဟိုက်ခွမ်း အသံကြားတာမို့ ရန်လှမ်းတွေ့သော ကျိုးချန် ပါလေ

မျက်နှာတစ်ခုလုံး ဖုန်မှုန့်တွေနဲ့ ပေကျံနေသော ကျိုးချန် ကို ကြည့်ကာ ဟိုက်ခွမ်း ပြုံးလိုက်မိသည်။

ကျိုးချန် - ခင်ဗျား က ပြုံးနိုင်သေးတယ်ပေါ့။ အေးပေါ့လေ သူများ ဘ၀ကို ဖျက်ဆီးထားတာဆိုတော့ ပြုံးနိုင် ရယ်နိုင်မှာပဲ။

ဟိုက်ခွမ်း - ဆိုစမ်းပါအုံး ကိုယ်က ဘယ်သူ့ဘ၀ကို ဖျက်ဆီးလို့လဲ။

ကျိုးချန် - ကျွန်တော့်ဘ၀ကိုလေ။ အခုလို ဖြစ်ရတာ ခင်ဗျားကြောင့်!!!! ခင်ဗျားတာ ကျွန်တော့်ကို လက်မထပ်ခိုင်းရင် အခုလို ဖြစ်မှာ မဟုတ်ဘူး

ကျိုးချန် ကတာ စကားပြောနေပေမယ့် ဟိုက်ခွမ်း ကတော့ နှုတ်ခမ်းတောင့်စွန်းမှာ ပေနေသော ဟင်းအနှစ်တွေကို လက်မလေးဖြင့် သုတ်ဖယ်ပေးလိုက်တာမို့ ကျိုးချန် မှာ မျက်လုံးလေး ဝိုင်းသွားပြီး ပါးတွေပါ နီရဲလာသည်။

ဟိုက်ခွမ်း - အငယ် က ကလေးလားကွာ။ စားနေတာ ပေပွလို့။ အဟွန်း ရှက်နေတာလေးက ချစ်စရာလေးကွာ။

ကျိုးချန် -  ဘယ် ဘယ်သူက ရှက်လို့လဲ။

ဟိုက်ခွမ်း - အင်း ဟုတ်ပါတယ် အငယ် မရှက်ဘူး။ ရင်တော့ ခုန်သွားတယ်မလား။

ကျိုးချန် - ခင်ဗျား!!!! သွား ထွက်သွား။ သွား

ဟိုက်ခွမ်း - ထပ် မစတော့ဘူး။ ကိုယ် နဲ့ စကားပြောကြရအောင်

သူ့ကို အတင်းမောင်းထုတ်နေသော အငယ်ကြောင့် မနည်းတားလိုက်ရသည်။

ကျိုးချန် - ဘာပြောမှာလဲ။ မြန်မြန်ပြော။ ပြီးရင် ပြန်

ဟိုက်ခွမ်း - ကောင်းပြီ။ အငယ် ကိုယ် နဲ့ လက်မထပ်ချင်ဘူး မလား။

အချစ်ရေး / အချစ်ရေး{Z & U} [ Completed ]Where stories live. Discover now