💐28💐 [ Z ]

197 25 4
                                    

ရီပေါ် - ဆရာလေး ဒါက စားကောင်းတယ်နော်။

ရှောင်းကျန့် - အင်း အစပ်တွေ အရမ်းမစားနဲ့! ကျောက်ကပ်လှူမဲ့သူက

ရီပေါ် - ဟုတ်ကဲ့

အစပ်မစားနိုင်တာကို အတင်းအစပ်တွေ စားနေသော ရီပေါ်ကြောင့် ရှောင်းကျန့် ရယ်လိုက်မိသည်။

ရှောင်းကျန့် - ကျိုးချန် တို့က ဆေးစစ်ပြီးပြီဆိုတော့ ရီပေါ်က ပြန်ရောက်မှ စစ်မှာလား။

ရီပေါ် - ဟုတ်တယ် ဆရာလေး!! အဲ့ အစ်ကိုကြီးတို့က ကျွန်တော့်ကို မစောင့်ကြဘူး။

ရှောင်းကျန့် - အဟွန်း!! သူတို့လည်း ကြိုတင်စစ်ထားရတာပေါ့။ ဥပမာ သူတို့နဲ့ မကိုက်ညီရင် အခြားသူကို ရှာရမှာလေ။

ရီပေါ် - ကျွန်တော်နဲ့တော့ ကိုက်ညီလောက်မှာပါနော်။

ရှောင်းကျန့် - အင်း ကိုက်ညီမှာပါ။

ရီပေါ် - မနက်ဖြန်ဆို ပြန်ရတော့မယ်နော်။

ရှောင်းကျန့် - အင်း

ကျောင်းက တစ်ပတ်တည်း ပိတ်တာမို့ ဖိန်းနွဲ့ခါဆို သူလည်း ဟိုကို ပြန်ရတော့မည်။

ရီပေါ် - ဆရာလေး

ရှောင်းကျန့် - ပြောလေ

ရီပေါ် - ကျွန်တော့်ကို အဖြေ မပေးချင်ဘူးလားဟင်။

ရှောင်းကျန့် - စောပါသေးတယ်

ရီပေါ် - ဘာကို စောရမှာလဲ။ မတော်လို့ ခွဲစိတ်နေရင်း ချွတ်ချော်သွားရင် ဘယ်လို အု အု....

ရှောင်းကျန့် - ပေါက်ကရ စကားတွေ မပြောစမ်းနဲ့ ၀မ်ရီပေါ်

ရီပေါ်ရဲ့ ပါးစပ်ကို လက်နဲ့ အုပ်လိုက်ပြီး ငေါက်လိုက်တော့ မျက်နှာငယ်လေးနဲ့

ရှောင်းကျန့် - မင်း က ငါ့ကို ထားခဲ့ပြီး ထွက်သွားချင်တာလား ဟမ်။ ငါ့ကို တစ်ယောက်တည်း ထားခဲ့ချင်ရင် အစကတည်း က ချစ်တယ်လို့ မပြောသင့်ဘူး။

ရီပေါ် - မဟုတ်ဘူး ဆရာလေး!! အဲ့လို မဟုတ်ဘူး။ ကျွန်တော်က

ရှောင်းကျန့် - ဒီမှာ ၀မ်ရီပေါ် မင်း ငါ့ကို ထားခဲ့ပြီး ဘယ်မှ ထွက်မသွားရဘူး။ ကြားလား

အခ်စ္ေရး / အချစ်ရေး{Z & U} [ Completed ]Where stories live. Discover now