ကျိုးချန် - အား!! ခေါင်းကိုက်လိုက်တာ ကျစ်!!
အခုချိန်ထိ ကိုက်နေသော ခေါင်းကို လက်ချောင်းတို့ဖြင့် ဖိနှိပ်ရင်း ညီးတွားမိတော့
- သေမလိုတွေ သောက်ထားပြီး အခုမှ ညီးမနေနဲ့
ကျိုးချန် - ပါး ကလည်း
- ပါး ကလည်း လုပ်မနေနဲ့ ညီအစ်ကို ၃ယောက်လုံး အချိုးကို မပြေကြဘူး။
- ငြိမ်ငြိမ်လေး မနက်စာ စားကြ။ သားအဖေ မနေ့ကတည်းက ထွက်နေတဲ့ ဒေါသတွေက မပြေသေးဘူး။
ကျိုးချန် ဘာမှ ဆက်မပြောတော့ပဲ မနက်စာတာ စားနေလိုက်သည်။
မနေ့ညက သူအမူးသောက်လာလို့ ပါး က စိတ်မကြည်တာနေမှာ။
မနက်စာ စားနေတုန်း အခန်းထဲ ၀င်လာသော ရီပေါ် ကြောင့် အခန်းထဲက အကုန်ဆွံ့အ ကုန်သည်။
နက်မှောင်နေသော ဆံပင်တွေကို ဆီသေချာလူးပြီး အနောက်သို့ သပ်သပ်ရပ်ရပ် လှန်တင်ထားသည်။
အစိမ်းပုတ်ရောင် Suit ဖြင့် တည်ကြည်ခန့်ညားနေသော ရီပေါ် ကို ကြည့်ကာ
- သားငယ် က ပါး အလုပ်မှာ ၀င်လုပ်မလို့လား။
ရီပေါ် - မလုပ်ပါဘူး။ ကျွန်တော့် ဆရာလေးက ပြောင်းလဲသင့်နေပြီ ပြောလို့ ကျွန်တော် ပြောင်းလဲလိုက်တာ။ မား သား ကြည့်ကောင်းတယ် မလား။
ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြပြီး မေးလာသော သားကြောင့် ၀မ်သခင်မကြီးမှာ ယောကျာ်းဖြစ်သူကို လှမ်းကြည့်လိုက်မိသည်။
- လုပ်ကြ မင်းတို့ သဘောအတိုင်းပဲ လုပ်ကြ။ မင်းတို့ အသိစိတ်ထဲ မှာ မင်းတို့ အဖေ ငါဆိုတာ မရှိဘူး။ မင်းတို့ စိတ်ပျော်သလိုတာ လုပ်ကြဟေ့!!!!
၀မ်သခင်ကြီး ဒေါသထွက်ကာ မနက်စာ ဝိုင်းမှ ထထွက်သွားသည်။ ၀မ်သခင်မကြီး ကတော့ သက်ပြင်းချကာ ခေါင်းခါရင်း ယောကျာ်းဖြစ်သူ နောက် လိုက်သွားခဲ့သည်။
ရီပေါ် - အစ်ကိုကြီး ပါး ဘာဖြစ်သွားတာလဲ။
ကျိုးချန် - မသိဘူးလေ။ ကဲ ကိုကြီး အလုပ်သွားတော့မယ်။
ရီပေါ် - ဟုတ်ကဲ့။
ကျိုးချန် ပါထွက်သွားမှ ရီပေါ်လည်း မနက်စာ မစားတော့ပဲ ဆရာလေး ရှိရာ ကွန်ဒိုသို့ ထွက်လာခဲ့လိုက်သည်။
💐💐💐💐💐💐💐💐💐
📞ဝေ ဇီရီ ပြော📞
YOU ARE READING
အခ်စ္ေရး / အချစ်ရေး{Z & U} [ Completed ]
Fanfiction၀မ်ကျိုးချန် ၀မ်ဟောက်ရွှမ်း ၀မ်ရီပေါ် ဆိုတဲ့ ၀မ်အိမ်တော်ရဲ့အဆိုးအဆာလေး ၃ယောက်ရဲ့ အချစ်ရေး။ UNICODE ••••••••••••• ဝမ်ကျိုးချန် ၀မ်ဟောက်ရွှမ်း ၀မ်ရီပေါ် ဆိုတဲ့ ၀မ်အိမ်တော်ရဲ့အဆိုးအဆာလေး ၃ယောက်ရဲ့ အချစ်ရေး။