💐30💐 [ Z ]

196 21 0
                                    

ဟိုက်ခွမ်း - မကြောက်နဲ့နော် ကိုယ် အငယ့်ကို ဒီကနေပဲ စောင့်နေမယ်။

ကျိုးချန် - ဟုတ်ကဲ့ လူကြီး!!

ဟိုက်ခွမ်း မှာ ကျိုးချန် လက်လေး ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး

ဟိုက်ခွမ်း - အငယ် ခွဲခန်းထဲက ထွက်လာရင် ကိုယ်တို့ ခရီးထွက်ကြရအောင်။

ကျိုးချန် - ဘယ်သွားမှာလဲ။

ဟိုက်ခွမ်း - အငယ် သွားချင်တဲ့နေရာ ဘယ်နေရာ မဆို ကိုယ် လိုက်ပို့မယ်။

ကျိုးချန် - အွန်း

- ခွဲခန်းထဲ သွားကြရအောင် ရှင့်

သူနာပြုလေးတွေနဲ့ Workers လေးတွေ လူနာကုတင်တွန်းလှည်းကို တွန်းကာ ခွဲခန်းထဲ ၀င်သွားခဲ့သည်။

ဟောက်ရွှမ်း - အစ်ကိုဟိုက်ခွမ်း ထိုင်ပြီး စောင့်ပါ။

ဟိုက်ခွမ်း - အင်း

ဟိုက်ခွမ်း လည်း ခွဲခန်းရှေ့က ထိုင်ခုံမှာ ၀င်ထိုင်လိုက်သည်။ တစ်ဖက်က ခုံမှာတော့ ၀မ်မားမား ကို ၀မ်ညီအစ်ကို နှစ်ယောက်က ပွေ့ဖက်ထားသည်။

နာရီလက်တံတွေ တဖြည်းဖြည်းရွေ့လျားသွားပြီး အချိန်တွေ က အမြန်ကုန်ဆုံးသွားသည်။ ၅နာရီကျော် ၆နာရီ နီးပါး လောက် ကြာမြင့်သွားသော အချိန်မှာတော့ ခွဲခန်း တံခါး က ပွင့်လာခဲ့သည်။

ထွက်လာသော ဆရာ၀န်ကြီးအနား မိသားစု၀င်တွေ အားလုံး အလျင်အမြန် သွားကာ

- ဆရာ ကျွန်မ ယောကျာ်းနဲ့ သား အခြေအနေလေး

- ခွဲစိတ်မှု အောင်မြင်ပါတယ်။ နှစ်ယောက်လုံး နဲ့ အခြေအနေက ကောင်းပါတယ်။ ခနနေ လူနာနှစ်ယောက်လုံးကို ၀င်တွေ့လို့ ရပါပြီ။

- ကျေးဇူးပါ ဆရာ!

ဆရာ၀န်ကြီး ထွက်သွားမှ ၀မ်မားမား အပါအ၀င် အားလုံး ပြုံးနိုင်တော့သည်။

ဟိုက်ခွမ်း - မား ကျွန်တော်တို့ သွားကြရအောင်

- အင်း အင်း

ဟောက်ရွှမ်း ရော ရီပေါ် နဲ့ အကြောင်းကြားမှုကြောင့် ကျိရန် နဲ့ ရှောင်းကျန့် ပါ ပြုံးနိုင်သည်။
💐💐💐💐💐💐💐💐💐
6 Month Later

အခ်စ္ေရး / အချစ်ရေး{Z & U} [ Completed ]Where stories live. Discover now