💐22💐 [ Z ]

196 23 0
                                    

ကျိုးချန် - လူကြီး

ဟိုက်ခွမ်း - ပြောလေ အငယ်

ကျိုးချန် - ဒီည Club သွားချင်လို့။

ဟိုက်ခွမ်း - မသွားရဘူး အငယ်။ မနက်ဖြန် ခရီးထွက်တော့မှာကို အနားယူ

ကျိုးချန် - သူငယ်ချင်းတွေ နဲ့ မတွေ့ရတာ ကြာနေပြီကို။

ဟိုက်ခွမ်း - ခရီးက ပြန်လာမှ သွားကြရအောင်။ ကိုယ် ကိုယ်တိုင် လိုက်ပို့ပေးမယ်။

ကျိုးချန် - ....

ကျိုးချန် ဘာမှ ဆက်မပြောချင်တာကြောင့် ခုတင်ပေါ်မှ ဆင်းကာ ဆိုဖာခုံမှာ သွားထိုင်ပြီး ဖုန်းထိုင်ကြည့်နေလိုက်သည်။

ဟိုက်ခွမ်း - အငယ် ဘာမဟုတ်တာကို စိတ်ဆိုးမနေနဲ့။ ခရီး က ပြန်လာရင် လိုက်ပို့မယ် လို့ ကိုယ်ပြောနေတယ်လေ။

ကျိုးချန် - ကျွန်တော် က ဒီည သွားချင်တာ။

ဟိုက်ခွမ်း - မနက်ဖြန် ခရီးထွက်ရမှာ။ ငယ် ပင်ပန်းမှာ ဆိုးလို့ ပြောနေတာကို ဂျစ်မတိုက်နဲ့။

ကျိုးချန် - ဂျစ်တိုက်နေတာ မဟုတ်ဘူး။ ကျစ်!! အိမ်မှာနေတုန်းကလည်း မနက်ဖြန် ခရီးထွက်မယ် ဆို ဒီညလို Club သွားနေကြ။ ဘာမှ မဖြစ်ဘူး။ ရတယ် ခင်ဗျား လိုက်မပို့လည်း ကျွန်တော့် ဘာသာ သွားမယ်။

ဖုန်းကိုချကာ အပေါ်ထပ်ကို ၀တ်လိုက်ပြီး ကားသော့ကို ကောက်ကိုင်တော့

ဟိုက်ခွမ်း - အငယ် ကိုယ့်စကားကို ဘာလို့ နားမထောင်နေရတာလဲ ဟမ်!

ကျိုးချန် - အစကတည်းက ကျွန်တော်က ဘယ်သူ့စကားကို နားထောင်လို့လဲ။

အခန်းထဲက ထွက်ဖို့ ​လုပ်နေသော ကျိုးချန် မှာ ဟိုက်ခွမ်း စကားကြောင့် ခြေလှမ်းတို့ ရပ်တန့်သွားပြီး မယုံသလို ဟိုက်ခွမ်း ကို လှည့်ကြည့်မိသည်။

ကျိုးချန် - ခင်...ခင်ဗျား ဘာစကား ပြောလိုက်တယ်။ ပြန်ပြောလိုက်

ဟိုက်ခွမ်း - ဒီအိမ်က မင်း မိဘအိမ်လို မဟုတ်ဘူး။ မင်းယောကျာ်းအိမ်!!! ငါ့ အိမ်မှာ နေရင် ငါ့စည်းကမ်းကို လိုက်နာရမယ် ၀မ်ကျိုးချန်။

အခ်စ္ေရး / အချစ်ရေး{Z & U} [ Completed ]Where stories live. Discover now