💐26💐 [ Z ]

183 20 1
                                    

ကျိုးချန် - လူကြီး

ဟိုက်ခွမ်း - ပြောလေ အငယ်

ကျိုးချန် - ဟို ဟို

ဟိုက်ခွမ်း - ရဲရဲဝံ့ဝံ့ပြောပါ အငယ်။  ​ကိုယ့်ကို ကြောက်စရာ မလိုဘူး။

ကျိုးချန် လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး

ကျိုးချန် - ပါး! ပါး နေမကောင်းဘူး။

ဟိုက်ခွမ်း - ဟင် ၀မ်ပါးပါး က ဘာဖြစ်တာလဲ အငယ်

ကျိုးချန် - ကျောက်ကပ် တစ်ခြမ်း က ပျက်စီး စ ပြုနေပြီ။ အဲ့တာ ကျွန်တော် ပါး ကို ကျောက်ကပ်လှူချင်တယ်။ လူကြီး ခွင့်ပြုပေးပါလား။

ဟိုက်ခွမ်း - ....

ဟိုက်ခွမ်း ဘာမှ မပြောပဲ အငယ့်ကို စိုက်ကြည့်နေလိုက်သည်။ အငယ်ကလည်း သူ့ကို မျှော်လင့်ချက်အပြည့်ပါသော မျက်၀န်းများဖြင့် ကြည့်နေသည်။

ဟိုက်ခွမ်း - ကိုယ်ခွင့်ပြုပါတယ် အငယ်။

ကျိုးချန် - တကယ်လား! တကယ်ပြောတာလား ဟင်

မျက်၀န်းတွေက အရောင်တလက်လက်ထကာ ပျော်ရွှင်စွာ မေးလာသော အငယ်ကြောင့် ခေါင်းငြိမ့်ပြလိုက်တော့

ကျိုးချန် - အများကြီး ကျေးဇူးတင်ပါတယ် လူကြီး

ထိုင်နေသော ဟိုက်ခွမ်း လည်ပင်းကို ဖက်ကာ ပါးပြင်ကို အနမ်းခြွေချလိုက်တော့ ဟိုက်ခွမ်း မှာ ပြုံးလို့နေသည်။

လိုချင်တာရသွားတော့ တအားတွေ ပျော်နေသော အငယ်။ ကျောက်ကပ်လှူမှာမို့ တစ်ဖက်ကလည်း စိုးရိမ်စိတ်တော့ ၀င်မိသား

ဟိုက်ခွမ်း - အခုရော ၀မ်ပါးပါး က အိမ်မှာလား။

ကျိုးချန် - ဟုတ်တယ် လူကြီး။ မနက်ဖြန်တော့ ဆေးရုံစတတ်တော့မှာ။ ကျွန်တော်နဲ့ဟောက်ရွှမ်း က အရင်ဆေးစစ်မှာ။ ပေါ်တိကတော့ ချုံချင်းက ပြန်လာမှ ဆေးစစ်မှာ

ဟိုက်ခွမ်း - အင်း ညနေ ၀မ်ပါး ကို ၀င်တွေ့ရအောင်လေ 

ကျိုးချန် - အင်း တကယ့်ကို အများကြီး ကျေးဇူးတင်တယ်။

ဟိုက်ခွမ်း - အငယ် ကိုယ်တို့ကြားမှာ ကျေးဇူးတင်စကားက ပြောဖို့မလိုပါဘူး။ ၀မ်ပါး ကလည်း ကိုယ့်အဖေ ပါပဲ။ နောက်ခါ ဘာကိစ္စပဲ ရှိရှိ တွန့်ဆုတ်မနေပဲ ပြောနော်။

အခ်စ္ေရး / အချစ်ရေး{Z & U} [ Completed ]Where stories live. Discover now