ရှောင်းကျန့် - ရီပေါ် တကယ် ဆုံးဖြတ်ပြီးပြီပေါ့
ရီပေါ် - ဟုတ်ကဲ့ ဆုံးဖြတ်ပြီးပြီ။ နောက်အပတ် ပါးလည်း စတတ်တော့မှာ။
ရှောင်းကျန့် - ကိုယ် ဟိုကိုတောင် မပြန်ချင်တော့ဘူး ရီပေါ်။
ရီပေါ် - ဆရာလေး ကလည်း စိတ်မပူပါနဲ့။ ကျွန်တော် က ဆရာလေးဆီကို ပြန်လာမှာ။ ဒီကိစ္စက အသက်အန္တရာယ်ထိ မရှိပါဘူး။ မိုင်နာလေးပါပဲ။
ရှောင်းကျန့် - ပေါ့ပေါ့တန်တန် မပြောနဲ့ ရီပေါ်။ ဒါက မိုင်နာမဟုတ်ဘူး။
ရီပေါ် - ဆရာလေး ကလည်း ကျွန်တော်ကို ယုံတယ်မလား
ရှောင်းကျန့် - အင်း
ရီပေါ် - ဒီတစ်ပတ်လုံး ကျွန်တော်နဲ့ လျှောက်လည်ပေးမလား။
ရှောင်းကျန့် - မသိရင်ပဲ တစ်သက်လုံး မတွေ့ရတော့မဲ့ သူတွေကျနေတာပဲ။ ကိုယ် မနက်ဖြန် ချုံချင်း ပြန်မလို့။ ၃ရက်လောက် အိမ်မှာ နေအုံးမယ်။
ရီပေါ် - အော်
ရှောင်းကျန့် - လိုက်မလား ချုံချင်း ကို
ရီပေါ် - ဗျာ!!
ရှောင်းကျန့် - လိုက်မယ်ဆို မနက်ဖြန် မနက် ၉နာရီ လေဆိပ်ကို ရောက်အောင်လာခဲ့
မျက်စိရှေ့ ရောက်လာသော လေယာဥ်လက်မှတ် ကို ကြည့်လိုက် အရှေ့က လူကို ကြည့်လိုက်နဲ့ ရီပေါ် အရမ်းတွေ ဆွံ့အနေမိသည်။
ရီပေါ် - ဆရာလေး
ရှောင်းကျန့် - ၀မ်သခင်ကြီး ဆေးကုသမှု မခံယူခင်လေး စိတ်ပြေလက်ပျောက် ပေါ့။
ရီပေါ် - ဟုတ်ကဲ့
ရီပေါ် လက်မှတ်လေးကို ယူလိုက်ပြီး ၀မ်းသာမျက်ရည်တွေ ကျမိသည်။ သူ ဆရာလေးနဲ့ စာစသင်တဲ့ နှစ်မှ စပြီး နှစ်တိုင်း မွေးရပ်မြေကို လိုက်ချင်ကြောင်း ပြောပေမယ့် ဆရာလေးက ခါးခါးသီးသီးငြင်းလေသည်။
အခုတော့ အခုတော့ မထင်မှတ်ထားစွာ လေယာဥ်လက်မှတ်ကြီး ၀ယ်ပေးသလို လိုက်ဖို့ပါ ပြောသည်။
ဒီကမ္ဘာမှာ Crush နဲ့ အဆင်ပြေလို့ ပျော်တဲ့ လူသားထဲမှာ ကျွန်တော်ပဲ ရှိလိမ့်မယ် ထင်ပါရဲ့!!!!
💐💐💐💐💐💐💐💐💐
ဟောက်ရွှမ်း - ၃ရက်ပဲမလား လိုက်သွားလေ။
YOU ARE READING
အခ်စ္ေရး / အချစ်ရေး{Z & U} [ Completed ]
Fanfiction၀မ်ကျိုးချန် ၀မ်ဟောက်ရွှမ်း ၀မ်ရီပေါ် ဆိုတဲ့ ၀မ်အိမ်တော်ရဲ့အဆိုးအဆာလေး ၃ယောက်ရဲ့ အချစ်ရေး။ UNICODE ••••••••••••• ဝမ်ကျိုးချန် ၀မ်ဟောက်ရွှမ်း ၀မ်ရီပေါ် ဆိုတဲ့ ၀မ်အိမ်တော်ရဲ့အဆိုးအဆာလေး ၃ယောက်ရဲ့ အချစ်ရေး။