- ပါး ဘာပြောလိုက်တယ်။
- ၀မ်ကျိုးချန် နဲ့ လျှိုဟိုက်ခွမ်း မင်္ဂလာဆောင်တော့မယ်တဲ့။
လီပေါရိန် ယူနန် ကို သွားလိုက်တဲ့ ၁လ မပြည့်တပြည့်လေးမှာ ဘာတွေ ဖြစ်ကုန်တာလဲ။
စားပွဲခုံပေါ်က မင်္ဂလာဖိတ်စာ ကို လှမ်းယူပြီး ဖွင့်ဖတ်ကြည့်လိုက်တော့ ဖိတ်စာအတွင်းစာရွက်တွင် အခန့်သား နေရာယူထားသော အမည်နာမလေး ၂ခု
မဟုတ်ဘူး။ ဒီလောက်မြန်မြန်ကြီး လက်ထပ်ဖို့က မဖြစ်နိုင်ဘူး မလား။
ကားသော့ကို ကောက်ဆွဲကာ အပြင်ထွက်ဖို့ ပြင်နေသော သားဖြစ်သူကို လီသခင်ကြီး လှမ်းတားလိုက်သည်။
- သား ဘယ်သွားမလို့လဲ။
- ကျိုးချန် ဆီ ဒီကိစ္စက အတည်လား ဆိုတာ သွားမေးမလို့။
- သား သား
လှမ်းခေါ်နေတာကို လျစ်လျူရှုကာ ထွက်သွားသော သားဖြစ်သူရဲ့ ကျောပြင်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
ဘာမှ ကြီးကြီးမားမား ပြဿနာ မဖြစ်ပါစေနဲ့ပဲ ဆုတောင်းရမှာ။
လီပေါရိန် ကားကို ဘယ်လိုမောင်းလာလို့ လာမိမှန်းး မသိလိုက်။ ၀မ်အိမ်တော်ရှေ့ရောက်တော့ ဟွန်းတီးလိုက်တော့ ခြံစောင့်က ထွက်လာကာ
- ဘယ်သူနဲ့ တွေ့ချင်လို့လဲ။
- ကျွန်တော် ၀မ်ကျိုးချန် ရဲ့ သူငယ်ချင်းပါ။ သူရှိလား။
- သခင်လေး မရှိဘူးဗျာ့။ သူ့သတို့သားလောင်း ဆီ သွားတယ်။
- အော်
- အိမ်ထဲမှာ ၀င်စောင့်မလား။
- ရတယ် ကျွန်တော် သူ့ကို ဖုန်းဆက်လိုက်ပါမယ်။
ခြံစောင့်ကို နှုတ်ဆက်ပြီး ကားကို ၀မ်အိမ်တော်ရှေ့မှ မောင်းထွက်လာလိုက်သည်။
အဖွားတာ သူ့ကို ယူနန် လာဖို့ မခေါ်ခဲ့ရင် အခုလိုတွေ ဖြစ်မှာ မဟုတ်ဘူး။ ကျစ်!! မိန်းကလေးကိုပဲ လက်ထပ်မယ်ဆိုသူက ဘယ်လိုကြောင့် အခုလို ဖြစ်သွားရတာလဲ။
- တောက်စ်!!!
ကိုယ့်ကို ဒေါသထွက်လွန်း လို့ လီပေါရိန် တတ် ခေါက်လိုက်မိသည်။
YOU ARE READING
အချစ်ရေး / အချစ်ရေး{Z & U} [ Completed ]
Fanfic၀မ်ကျိုးချန် ၀မ်ဟောက်ရွှမ်း ၀မ်ရီပေါ် ဆိုတဲ့ ၀မ်အိမ်တော်ရဲ့အဆိုးအဆာလေး ၃ယောက်ရဲ့ အချစ်ရေး။ UNICODE ••••••••••••• ဝမ်ကျိုးချန် ၀မ်ဟောက်ရွှမ်း ၀မ်ရီပေါ် ဆိုတဲ့ ၀မ်အိမ်တော်ရဲ့အဆိုးအဆာလေး ၃ယောက်ရဲ့ အချစ်ရေး။