ဟောက်ရွှမ်း/ရီပေါ် - ဗျာ!!! အစ်ကိုကြီးကို ယောကျာ်းပေးစားတော့မယ်
အငယ်၂ကောင်ရဲ့ ထိတ်လန့်တကြားအော်သံကြောင့် ၀မ်လင်မယားအပါအ၀င် ကျိုးချန် ပါ လန့်သွားရသည်။
- မင်းတို့ကလည်း ဖြေးဖြေးသက်သာ အော်ကြပါ။
ရီပေါ် - သားတို့ အံ့သြသွားလို့ပါ။
ကျိုးချန် - ပါး ကျွန်တော် သဘောမတူနိုင်ဘူး။
- ဘာကိစ္စ သဘောမတူနိုင်ရတာတုန်း။ လျှိုဟိုက်ခွမ်း မှာ ဘာများချို့ယွင်းနေလို့လဲ။ ငြင်းမဲ့ငြင်း လျှိုဟိုက်ခွမ်း ဘက်က မင်းလိုကောင် ကို ငြင်းသင့်တာ။
ကျိုးချန် - ဒါဆိုလည်း ငြင်းခိုင်းလိုက်လေ။
- ဟိုဘက်က မင်းကို အတော်ဖြစ်နေလို့လေ။ ငါတာ လျှိုသခင်ကြီးဆို မင်းလို သမတ်မျိုး မလိုချင်ကြောင်း အစာအငတ်ခံပြီး ဆန္ဒပြ မှာ
ကျိုးချန် - ကျွန်တော်က ဘာဖြစ်နေလို့လဲ။
ဒါကိုတော့ ကျိုးချန် လက်မခံနိုင်တဲ့ အတွက် ထုတ်မေးလိုက်သည်။ ကိုယ်က ကျိုးကန်းနေတာလဲ မဟုတ်ပဲ နဲ့
- မင်းလို မိန်းကလေးတွေ တစ်ယောက်ပြီး တစ်ယောက်တွဲ! အမွှေဇယားတွေ ခင်းနေတဲ့ အကောင်ကို ဘယ်မိဘက သဘောတူမှာတုန်း
ကျိုးချန် - ဒါဆိုလည်း လျှိုသခင်ကြီးကို ဆန္ဒပြခိုင်းလိုက်လေ။ ကျွန်တော်က မိန်းမ ပဲ ယူမှာ
ရှေ့က ဖရဲသီးစိပ် ကို ပါးစပ်ထဲ ပစ်ထည့်လိုက်ပြီး
ကျိုးချန် - ဒီမှာ ပါး အငယ်၂ကောင်ကလည်း ယောကျာ်းယူကြမဲ့သူတွေ။ ကျွန်တော်ပါ ယောကျာ်း ယူလိုက်ရင် ဘယ်မှာလဲ ၀မ်အိမ်တော်ရဲ့ မျိုးဆက်၊
- ဘာလဲ ငါတို့ကို မင်းက ကလေးထိန်းခိုင်းချင်နေတာလား။ တော်ပါ မင်းတို့ ညီအစ်ကို တွေကို ထိန်းခဲ့ရပြီးပြီ။ ငါ ဘာမျိုးဆက်မှ မလိုချင်ဘူး။
အငယ်၂ယောက်နဲ့ ၀မ်သခင်မ မှာတော့ သားအဖ နှစ်ယောက်ကို ကြည့်ကာ သက်ပြင်းတွေချည်း ချနေသည်။
၀မ်သခင်ကြီး ကလည်း သူ့သား ယောကျာ်းရရေး သူ့အရေး ဖြစ်နေသလို ကျိုးချန်ကလည်း ယောကျာ်းမရရေး သူ့အရေး ဖြစ်လို့နေသည်။
YOU ARE READING
အခ်စ္ေရး / အချစ်ရေး{Z & U} [ Completed ]
Fanfic၀မ်ကျိုးချန် ၀မ်ဟောက်ရွှမ်း ၀မ်ရီပေါ် ဆိုတဲ့ ၀မ်အိမ်တော်ရဲ့အဆိုးအဆာလေး ၃ယောက်ရဲ့ အချစ်ရေး။ UNICODE ••••••••••••• ဝမ်ကျိုးချန် ၀မ်ဟောက်ရွှမ်း ၀မ်ရီပေါ် ဆိုတဲ့ ၀မ်အိမ်တော်ရဲ့အဆိုးအဆာလေး ၃ယောက်ရဲ့ အချစ်ရေး။