- သွားကို တစ်ခါတည်းနှုတ်သွားမလား။ မဟုတ်ရင် ရေရှည်ကျရင် အဆင်ပြေမယ် မထင်ဘူး။
ဟောက်ရွှမ်း - နှုတ်ရင် နာမှာလားဟင်
ခန္ဓာကိုယ်မှ အားမနာ မျက်နှာငယ်လေးနဲ့ မေးလာသော လူနာကြောင့် သွားဆရာ၀န်မှာ ပြုံးကာ
- ထုံဆေးနဲ့ နှုတ်မှာမို့ မနာဘူး။ ခနပဲ ကြာမှာ
ကျိရန် - ဆရာ နှုတ်ပေးလိုက်ပါ။
- ကောင်းပါပြီ။
ဆရာ၀န်က 1cc Syring ဖြင့် ထုံဆေးကို စုပ်ယူလိုက်သည်။ ပြီးတော့မှ လူနာ လက်ကို ယူကာ ဆေးအနည်းငယ် ထိုးလိုက်သည်။ ထိုးလိုက်သော နေရာကို မှင်နီ နဲ့ ဝိုင်းကာ
- ဆေးနဲ့ တည့် မတည့် စမ်းတာ။ မူးတာဝေတာ၊ အော့အန်ချင်တာ၊ ယားတာ ဖြစ်ရင် ပြောနော်။
ဟောက်ရွှမ်း - ဟုတ်ကဲ့ ဆရာ
၅မိနစ်လောက် စောင့်ပြီးမှ ဘာမှ မဖြစ်တာသေချာမှ သွားနှုတ်ဖို့ ပြင်ဆင်တော့သည်။
သွားနှုတ်ပြီးနောက် ဆရာ၀န်က ဆေးသိပ်ကာ ဂွမ်းစလေးနဲ့ အုပ်ပေးလိုက်သည်။
ကျိရန် - ဆရာ အစာ ဘယ်အချိန် စ စားလို့ ရမလဲ။
- ထုံဆေးပြေတာနဲ့ စားလို့ ရပါပြီ။ အစာ စားပြီးတိုင်း ပလုတ်ကျင်းပေးနော်။ ခံတွင်းသန့်ရှင်းရေးက အရေးကြီးတယ်။
ဟောက်ရွှမ်း - ဝုတ်တဲ့ပါ ဆာ
ဝူးတူးဝါးတားနဲ့ ပြောလာတာကြောင့် ကျိရန်ရော ဆရာ၀န်ပါ ရယ်လိုက်မိသည်။
ကောင်တာမှာ လိုအပ်သော ဆေးတွေယူကာ ကျသင့်ငွေ ရှင်းပြီး ပြန်လာခဲ့သည်။
ကျိရန် - သွားနှုတ်လိုက်တော့ နေရတာ အဆင်ပြေသွားမှာပါ။
ဟောက်ရွှမ်း ဘာမှ မပြောပဲ ကျိရန် ကို မျက်စောင်းထိုးကာ တစ်ဖက်ကို လှည့်သွားသည်။
၀မ်အိမ်တော်ကို ရောက်တော့ ကျိရန် ကို နှုတ်မဆက်ပဲ ဟောက်ရွှမ်း အပေါ်ထပ် တတ်သွားသည်။
ကြည့်ရတာ သူ့ကို စိတ်ကောက် မပြေသေးဘူး ထင်ပါ့
- သား ဘာဖြစ်လာကြတာလဲ။
YOU ARE READING
အခ်စ္ေရး / အချစ်ရေး{Z & U} [ Completed ]
Fanfic၀မ်ကျိုးချန် ၀မ်ဟောက်ရွှမ်း ၀မ်ရီပေါ် ဆိုတဲ့ ၀မ်အိမ်တော်ရဲ့အဆိုးအဆာလေး ၃ယောက်ရဲ့ အချစ်ရေး။ UNICODE ••••••••••••• ဝမ်ကျိုးချန် ၀မ်ဟောက်ရွှမ်း ၀မ်ရီပေါ် ဆိုတဲ့ ၀မ်အိမ်တော်ရဲ့အဆိုးအဆာလေး ၃ယောက်ရဲ့ အချစ်ရေး။