Episode [ 4 ]

345 56 7
                                    

တကယ်တမ်းတော့ မင်ယွန်းဂီလေးမှာ ကတိတည်ချင်ခဲ့ပေသည် ။ သို့ပေမယ့် ထိတ်လန့်ခြောက်ခြားမှုကြောင့် သတိလက်လွတ်ဖြစ်စွာ အော်လိုက်မိတော့သည် ။

" အား !!! အု ! "

သူ့နောက်မှလူကလည်း လျင်မြန်စွာ ပါးစပ်အုပ်လာသော်လည်း နောက်ကျသွားခဲ့ပေသည် ။ အော်သံကြောင့် မိန်းမပျိုမှာ ရုန့်ရင်းခက်ထန်သွားပြီး သူမရဲ့ရှည်လျားချွန်မြသော လက်သည်းရှည်တွေပြည့်နှက်နေသည့် လက်တစ်ဖက်ကို ဆန့်တန်းကာဖြင့် တရှိန်တိုး ပြေးဝင်လာတော့သည် ။

အမေရေ...။

" တွေ့လား ။ သူတွေ့သွားပြီ "

ပြောပုံက မသိရင် တူတူပုန်းတမ်းကစားရင်း အမိခံလိုက်ရတဲ့ပုံစံနဲ့ !

နည်းနည်းလေးတောင် မကြောက်ဘူးလားဟ !

ထိုလူမှာ သူ့ကို အနောက်သို့ ပို့လိုက်ပြီး ရှေ့၌ ဝင်ကာလာလေသည် ။

ကျေးဇူးရှင်ကြီး...။

မင်ယွန်းဂီလေးမှာ အင်မတန်မှပင် ဝမ်းသာမျက်ရည်ကျချင်မိသွားရသည် ။

မိန်းမပျိုမှာ လက်ဆန့်ထုတ်လျက် ထိုလူရှေ့သို့ ပြေးဝင်လာလေသည် ။ ပို၍ နီးကပ်လာသောအခါ မင်ယွန်းဂီမှာ စိုးရိမ်ထိတ်လန့်လာရသည် ။ မိန်းမပျို၏ လက်သည်းရှည်များမှာ ထိုလူ၏ရင်ဘတ်ထံသို့ ထိုးစိုက်ကာနီး၌ ထိုလူမှာ လေလိုအလျင်ဖြင့် သူမြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားလေသည် ။

ဟမ် ။

ဟမ် !

NANI !!!

မင်ယွန်းဂီလေးမှာ သူ့ရှေ့ရှိ နီရဲနေသည့်မျက်လုံးအစုံနှင့် ချွန်ထက်နေသည့်အစွယ်ချွန်နှစ်ခုကို လှစ်ဟပြထားသည့်သွေးကြောများ ထင်းထနေသည့်ရုပ်ဆိုးဆိုးမျက်နှာသွင်ပြင်​ကို ကြောက်ရွံတုန်လှုပ်စွာဖြင့်ပင် ကြောင်ကြည့်နေမိတော့သည် ။

မိန်းမပျို၏လက်သည်းတွေမှာ သူ့ရင်ဘတ်အနားသို့ တိုးကပ်လာပြီး အစွယ်တွေကို ပိုမိုကာ လှစ်ပြလာသည်မှာ ကြမ်းကြုတ်သည့် သတ္တဝါ အလားပင် ။

ဒရက် ဒရက်ဂူလာ ။ ဗန်း ဗန်းပိုင်းယား ။

သွေးစုပ် ဖုတ်ကောင် ။

IN THE DARKNESSWhere stories live. Discover now