အထိတ်တလန့်ဖြစ်မှုနှင့်အတူ သူ၏ မျက်လုံးအစုံအား ဖျတ်ခနဲ ဖွင့်ကြည့်လိုက်မိသည် ။ စိမ်းသက်နေသည့်မျက်နှာကျက်မြင့်မြင့်ကို စိုက်ကြည့်နေမိရင်း ဖြစ်ပျက်သမျှအကြောင်းစုံမှာ သူ့ဦးနှောက်အတွင်းသို့ တိုးဝင်ရောက်လာပါတော့သ
ည် ။ မည်သည့်နေရာသို့ ရောက်ရှိနေမှန်းမသိပါသော်ငြား ရှင်းလင်းသပ်ရပ်လျက်ရှိနေပါသည့်အခန်းမှာ သူ့အား စိတ်လုံခြုံစေသည့်အပြင် ခေါင်းဆောင်ဂျွန်ခေါ်ဆောင်လာပါသည့် ဤနေရာသည် မကောင်းစရာမျိုးတော့ မရှိနိုင်ပါချေ ။ သူသည် နှစ်ချိုက်စွာ အိပ်မောကျခဲ့၍ထင့်
စိတ်ကြည်လင်လန်းဆန်းနေပေသည် ။ မင်ယွန်းဂီမှာ နူးညံ့သည့်အိပ်ရာခင်းထက်မှ ထထိုင်လိုက်ပြီး အခန်းတွင်းအား ဝေ့ကြည့်လိုက်သည် ။ အပိုပစ္စည်းများမရှိပါဘဲ လိုအပ်သည့်ပရိဘောဂအနည်းငယ်သာ ရှိပေသည် ။ သူ့ကိုယ်ပိုင်အခန်းလေးထက်ပင် ရှင်းလင်းနေပါသေးသည် ။ထိုစဥ်မှာပင် အခန်းတံခါးလေးမှာ အပြင်ဖက်မှတစ်စုံတစ်ယောက်၏ဆွဲဖွင့်လာခြင်းကြောင့် ပွင့်ဟလာခဲ့တော့သည် ။
ရှည်သွယ်သည့်ပုံပန်းသဏ္ဍာန်တစ်ခုမှာ အခန်းတွင်းသ်ို့ ဝင်ရောက်လာသည် ။
" နိုးနေပြီလား "
ဂျွန်ဂျောင်းဂု၏နံနက်ခင်းနှုတ်ဆက်စကားအား ခေါင်းလေးညိတ်ပြရင်းသာ သူ ပြန်ဖြေလိုက်သည် ။
" ခန္ဓာကိုယ်ရော အဆင်ပြေရဲ့လား ။ နာတဲ့နေရာတွေ ရော ရှိလား "
သူ့အား ခေါင်းအစ ၊ ခြေအဆုံး စစ်ဆေးကြည့်ရှုရင်း မေးလာပါသည့် ဂျွန်ဂျောင်းဂုအား ခေါင်းခါပြလိုက်သည် ။
" မရှိပါဘူး ။ အကုန် အဆင်ပြေပါတယ် "
" အဆင်ပြေတယ်ဆိုတော့ ကောင်းတာပေါ့ "
ဂျွန်ဂျောင်းဂုက ဆက်ပြောလာသည် ။
" ဒါဆိုလည်း အရင် ကိုယ်လက်သန့်စင်လိုက်ဦး ။ ခဏနေရင် မနက်စာ သွားစားကြတာပေါ့ ။ မြို့စားမင်းကန်လည်း အကြာကြီး စောင့်စရာမလိုလောက်ပါဘူး "
YOU ARE READING
IN THE DARKNESS
Fanfictionဘဝကြီးကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းနေခဲ့သည့်သူ...ကံဆိုးမိုးမှောင်ကျပြီး အသက်အန္တာရာယ်နှင့်ဆိုင်သည့်မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့လိုက်ရပြီးနောက်... မတူညီကွဲပြားသည့်ကမ္ဘာသစ်တစ်ခုဆီမှာ ပြန်လည်ဝင်စားသွားခဲ့တယ် ။ နောက်ပြီးတော့ရော... " အရာအာ...