မင်အိမ်တော်သည် အမြဲတစေ တိတ်ဆိတ်ငြိမ်သက်လျက်ရှိရာ ထူးဆန်းသည့်အသံတို့ ကြားရနိုင်မည်မဟုတ်လေသော်ငြား ယခုရက်ပိုင်းတွင်တော့ တတိယသခင်လေး၏ အသံစာစာကို ဖြတ်သွားဖြတ်လာတိုင်း ကြားမိကြလိမ့်မည်ပင် ။
" ဂျောင်းဂု( ၂ )...ဘယ်မှာလဲ ။ မြောင်~မြောင်~ "
ရေသွားချိုးသည့်ခဏလေးအတွင်း အပြေးမြန်သည့်ယုန်လေးသည် လှစ်ခနဲပျောက်သွားရာ ယခုဘယ်နေရာမှာ ရှိနေမှန်း မသိရပါချေ ။ လှောင်အိမ်ဖြင့် ထားထားခြင်းမဟုတ်ဘဲ လွှတ်ထားခြင်းကြောင့် ယခုတလော ယုန်ပျောက်ရှာရသည်မှာ အခေါက်ပေါင်းမနည်းတော့ပါချေ ။
" ဂန်းလေး...အော်ခေါ်ပေးဦး "
ဂန်းလေးခင်မျာ စိတ်ရှုပ်ရှုပ်ဖြင့် ခေါင်းကုတ်မိ
သည် ။မပြောရဲပါဘူးဗျာ ။ မင်းသား( ၄ )ရဲ့နာမည်ကြီးကို... သိပ်စိတ်ညစ်တာပဲ ။
" ကူရှာပေးဦးလို့ ။ ဂျောင်းဂု( ၂ )ရေ မြောင်~
မြောင် "ယုန်ရှာနေတာကို ဘယ်နှယ့် မြောင် မြောင်လို့ ခေါ်နေရတာလဲလို့ !
တကယ်ပဲ နာမည်ကိုလည်း ပေးချင်တာတွေပေး ! အော်ခေါ်တော့လည်း ကြောင်ခေါ်သံနဲ့ ! အတိတ်မေ့ရုံတင်မဟုတ်ဘူး သဘာတရားကြီးကိုပါ မေ့ပစ်လိုက်တာ !
ရုပ်လေးချောနေလို့သာပေါ့ ။ မဟုတ်ရင် သိပ်သနားစရာကောင်းနေပြီ ။
" ဂျောင်း...."
ဂန်းလေးသည် ဂျလုံးပလုံးအော်ခေါ်ကာ ကူရှာပေးလိုက်သည် ။
မင်ယွန်းဂီသည်တော့ မည်သည့်အရာမှားနေမှန်းမသိဘဲ အော်ချင်ရာတွေဇွတ်အော်ကာ ရှာနေတော့သည် ။ ထိုစဥ် သူရှေ့သို့ ယုန်ဖြူလေး ဖြတ်ပြေးသော်အခါမှသာ ရပ်တန့်သွားတော့
သည် ။" အဟား...တွေ့ပြီကွ ။ ဘယ်ပြေးမလဲ ဟမ် "
မင်ယွန်းဂီသည် မြန်ဆန်စွာဖြင့် ဖမ်းလိုက်ပြီး ကောက်ပွေ့လိုက်သည် ။
ယခုမှပင် ဂန်းလေးလည်း အသက်ရှူချောင်တော့၏ ။
မင်အိမ်တော်ထဲသို့ တံခါးမရှိ ဓါးမရှိဝင်ထွက်ခွင့်ရသည့် ချွဲယုံးထက် ရောက်လာသော် လက်ထဲ၌ ယုန်တစ်ကောင်ပိုက်၍ ကလူမြူနေသည့် မင်ယွန်းဂီကို အထူးအဆန်းသဖွယ် မြင်လိုက်ရတော့သည် ။
YOU ARE READING
IN THE DARKNESS
Fanfictionဘဝကြီးကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းနေခဲ့သည့်သူ...ကံဆိုးမိုးမှောင်ကျပြီး အသက်အန္တာရာယ်နှင့်ဆိုင်သည့်မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့လိုက်ရပြီးနောက်... မတူညီကွဲပြားသည့်ကမ္ဘာသစ်တစ်ခုဆီမှာ ပြန်လည်ဝင်စားသွားခဲ့တယ် ။ နောက်ပြီးတော့ရော... " အရာအာ...