နောက်တစ်နေ့၏ နံနက်ခင်းတွင်တော့ မင်အိမ်တော်၏အိမ်ပေါက်ဝသို့ မဖိတ်ခေါ်ထားသည့်ဧည့်သည်တော်များ ရောက်ရှိလာပေသည် ။ ချိုသာသည့်အပြုံးတွေဆင်မြန်းထားကြသည့်ရှင်းမိသားစုသည် မင်အိမ်တော်၏ပင်မဆောင်၌ ခန့်ခန့်ညားညားကြီး ထိုင်လို့နေပါ၏ ။ သခင်ကြီးနှင့်သခင်မကြီးသည် ယခုလို ရုတ်တရတ်ကြီး ရောက်ချလာပြီး အဖိုးတန်လက်ဆောင်ပစ္စည်းများ ယူဆောင်လာသည့်ရှင်းမိသားစု၏
လုပ်ရပ်အပေါ် အလုံးစုံ နားလည်ခြင်းမရှိသော်ငြား သူတို့သည် ပျူငှာစွာ ဧည့်ဝတ်ကျေပွန်ဆဲဖြစ်သည် ။ မင်ယွန်းဂီသည် အမတ်ရှင်းနှင့်ရှင်းကတော်အားလည်းကောင်း၊ ရှင်းနာယွန်းအား လည်းကောင်း တစ်လှည့်စီ ခေါက်တုံခေါက်ပြန်ကြည့်နေသည်မှာ အူကြောင်ကြားလေးအတိုင်းပါပင် ။" ရုတ်တရက်ကြီး ရောက်လာရတာ အားနာပါတယ်ဗျာ "
အမတ်ရှင်းက ဦးစွာ ဆိုလာသည် ။
" တတိယသခင်လေးကို ကျေးဇူးတင်ချင်လွန်းတာကြောင့် ကိစ္စတွေပြီးပြတ်တာနဲ့ ချက်ချင်းလာတွေ့တာပါပဲ "
သူ့ဖက်သို့ နှစ်လိုဖွယ်ကောင်းစွာလှည့်ပြုံးပြလာသည့်အမတ်ရှင်းအား မင်ယွန်းဂီသည် မကောင်းတတ်သည့်နှယ် ရယ်ပြလိုက်သည် ။
" ကျွန်တော့်သမီးလေးမှာ တတိယသခင်လေးပေးတဲဲ့အသက်ပဲ ရှိပါတော့တယ် ။ ကျွန်တော့်သမီးလေးကို စောင့်ရှောက်ပေးတဲဲ့အတွက် ကျေးဇူးတင်ပါတယ် ။ ဒီကျေးဇူးကြွေးကို တစ်သက်လုံး မမေ့ပါဘူး "
မင်ယွန်းဂီသည် ဇဝေဇဝါဖြစ်လျက် ခေါင်းခါပြလိုက်သည် ။
" အဲ့လောက်ထိ မလိုပါဘူး ဗျ ။ ပြီးတော့ သခင်မလေးရှင်းကို ကယ်ခဲ့တာကလည်း ကျွန်တော်ပါရောပါနေတာကြောင့်ပါ ။ တကယ်ဆို ခေါင်းဆောင်ဂျွန်တို့ဘူလ်ယုံးတပ်ကိုသာ ကျေးဇူးတင်ရမှာပါ "
အမတ်ရှင်းမိသားစုသည် သူ့အား နူးညံ့စွာကြည့်ရှုလာကြသည် ။
" အဲ့လိုဆိုရင်တောင်မှပဲ တစ်ယောက်တည်းကိုယ်လွတ်ရုန်းရရဲ့သားနဲ့ သမီးလေးကိုပါ ကယ်ခဲ့တာပဲ မဟုတ်လား ။ တတိယသခင်လေးမင်က ကိုယ့်ကိုကိုယ် နှိမ့်ချလွန်းအားကြီးနေပါပြီ ။ ခေါင်းဆောင်ဂျွန်အတွက်ကို ကျွန်တော်တို့ စီစဥ်ထားပြီးသားပါ ။ အဲ့အတွက်လည်း စိတ်မပူပါနဲ့ဗျ "
YOU ARE READING
IN THE DARKNESS
Fiksi Penggemarဘဝကြီးကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းနေခဲ့သည့်သူ...ကံဆိုးမိုးမှောင်ကျပြီး အသက်အန္တာရာယ်နှင့်ဆိုင်သည့်မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့လိုက်ရပြီးနောက်... မတူညီကွဲပြားသည့်ကမ္ဘာသစ်တစ်ခုဆီမှာ ပြန်လည်ဝင်စားသွားခဲ့တယ် ။ နောက်ပြီးတော့ရော... " အရာအာ...