" လူမိုက်တွေပါ သခင်လေး ။ ဟိုတစ်ခါက သခင်ငယ်လေးက မိန်းကလေးတစ်ယောက်ကို ကယ်ရင်း လူမိုက်အုပ်စုနဲ့ ရန်ဖြစ်ခဲ့တယ်ဗျ ။ အဲ့တုန်းက ရဲမက်တွေရောက်လာတော့ အဲ့လူမိုက်တွေကို ရုံးတော် ခေါ်သွားကြပါတယ် ။ အခုတစ်ခေါက်လည်း အဲ့လူမိုက်တွေပဲ နေမှာပါ ။ "
ဂန်းလေးက ဖြစ်ပုံက်ို ဆက်ပြောလာသည် ။
" လူမိုက်တစ်ယောက်က ကျွန်တော့်နောက်
ကျောကို ဓားထောက်ထားပြီး သခင်ငယ်လေးနဲ့ဝေးရာကို ခေါ်သွားပါတယ် ။ သူက အကူအညီတောင်းရင် ကျွန်တော်ကိုရော သခင်ငယ်လေးကိုရော သတ်ပစ်မယ်လို့ပြောပါတယ် ။ အတော်ဝေးဝေးကို ခေါ်သွားပြီးတော့မှ သခင်ငယ်လေးကို လိုက်ရှာနေတဲ့ အစောင့်တပ်သားတွေနဲ့လည်းတွေ့ရော ကျွန်တော်ကို ပစ်ထားပြီး ထွက်ပြေးသွားတော့တာပါပဲ ။ ကျွန်တော်လည်း သူတို့နောက်ကို လိုက်ခိုင်းပေမယ့် မျက်ခြေပြတ်သွားခဲ့ပါတယ် ။ ဒါနဲ့ သခင်မကြီးကို ပြေးပြောပြီး သခင်ငယ်လေးကို အမြန်ဆုံး ရှာဖွေကြပါတယ် ။ အိမ်အိုအိမ်ဟောင်းတွေကိုတောင်မှ အတွင်းထဲထိသေချာရှာဖွေခဲ့တာပါ ။ ဒါပေမယ့် အခုထက်ထိ သခင်ငယ်လေးကို မတွေ့သေးဘူးဗျ "အကြောင်းစုံကို သိသွားသည့်နောက်မှာတော့ မင်ယွန်းဂီလေး တောင်ပေါ်ရောက်နေရသည်မှာ အဆန်းမဟုတ်ပါချေ ။
ဘယ်လိုတောင် ယုတ်မာတဲ့ကောင်တွေလဲ !
လူကို တားမြစ်ထားတဲ့တောင်ပေါ်ထိတောင်ပြန်ပေးဆွဲသွားရတယ်လို့ !
" မင်း သူတို့ကို မြင်ရင် မှတ်မိလောက်လား "
" မှတ်မိပါတယ်ဗျာ ။ အရမ်းကို ရုပ်ဆိုးလွန်းလို့ ဒီတစ်သက်မမှတ်မိစရာ မရှိပါဘူး "
ဂန်းလေးမှာ သူ့၏မျက်နှာအား ရှုံမဲ့ပစ်လိုက်ရင်း ဆိုလာပါ၏ ။
" ကောင်းပြီ ။ ဒီကိစ္စကို ငါ စုံစမ်းထားလိုက်မယ် ။ "
ထို့နောက် မင်ဆွန်းဝူမှာ သောကရောက်နေဆဲဖြစ်သည့်မိခင်၏လက်ဖဝါးကို ဆုပ်ကိုင်လိုက်ပြီး နွေးထွေးမှုတို့ဖြင့် စကားဆိုလိုက်သည် ။
" အမေ...စိတ်မပူနဲ့တော့နော် ။ ယွန်းလေးက အခု ကျွန်တော်နဲ့အတူရှိနေပါတယ် ။ ကျွန်တော် ဒီကိစ္စကိုလည်း သေချာကိုင်တွယ်ပါ့မယ် ။ အခုအိမ်ပြန်ပြီး နားလိုက်တော့နော် "
YOU ARE READING
IN THE DARKNESS
Fanfictionဘဝကြီးကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းနေခဲ့သည့်သူ...ကံဆိုးမိုးမှောင်ကျပြီး အသက်အန္တာရာယ်နှင့်ဆိုင်သည့်မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့လိုက်ရပြီးနောက်... မတူညီကွဲပြားသည့်ကမ္ဘာသစ်တစ်ခုဆီမှာ ပြန်လည်ဝင်စားသွားခဲ့တယ် ။ နောက်ပြီးတော့ရော... " အရာအာ...