Episode [ 17 ]

246 37 8
                                    

မင်ယွန်းဂီမှာ ​သွေးစို့တက်ကာ နာကျင်​နေသည့်လက်​မောင်းကို ဖိကိုင်ထားရင်းပင် သူရှိရာသို့ ​ဦးတည်လာ​နေသည့်မိစ္ဆာ​ကြောင့် ​ကြောက်လန့်တကြား နောက်သို့ဆုတ်ခွာမိပါ​တော့၏ ။ သူ၏မျက်နှာသည် အထိတ်တလန့်ဖြစ်မှုတို့​ကြောင့် ပြူးကျယ်ဝိုင်းစက်​နေကာ ငို​တော့မလိုပင် ။ ဂျွန်​ဂျောင်းဂုသည် ဓါးအား ဝင့်ကာ မိစ္ဆာ​အား ခုတ်ချရန် ပြင်လိုက်ပါ​သော်ငြား မိစ္ဆာသည် ရုတ်ချည်းပင် သူ့ဓါးချက်​အောက်မှ တိမ်း​ရှောင်ကာ ထွက်​ပြေးသွား​လေ၏ ။ သူသည် ဓါးအား အမြန်ဦးတည်ချက်​ပြောင်းလိုက်ရ​​လေသည် ။

​ရေထဲသို့ ပြုတ်ကျသံကို ကြားလိုက်ရ​သောအခါ၌  မိစ္ဆာသည် ​​​ပင်လယ်ထဲခုန်ချကာ ထွက်​ပြေးသွားပြီမှန်း သူ သိလိုက်ရ​ပေသည် ။ သူသည် ​အ​ပြေးအလွှားသွားကာ ​​​​အောက်သို့ငုံကြည့်လိုက်​သော် ​ရေလှိုင်းများ ပွက်ထ​နေပါ၏ ။

" မြန်မြန်...ကမ်း​ခြေကို ပြန်ကပ် "

ယခုမှ မိစ္ဆာကို ​ရေထဲဆင်းရှာလည်း မ​တွေ့နိုင်​​တော့ရာ ကမ်းကပ်ဖို့ကိုသာ လုပ်​ဆောင်ရမည်ပင် ။ ​အ​​ခြေအ​နေ​တွေသည် သူ ​​​တွေးထင်ထားသည့်ထက်ပင် ပို၍ ရှုပ်​​ထွေး​နေပါ၏ ။

မင်ယွန်းဂီ​လေးမှာ ယိုင်လဲကျ​​​တော့မည့် ခြေ​ထောက်​တွေကို ထိန်းကာ မတ်မတ်ရပ်​နေရသည် ။ မြန်ဆန်​နေသည့်နှလုံးခုန်နှုန်း​တွေ​ကြောင့် သူ့ခင်မျာမှာ အသက်ရှူသံ​တွေ ပြင်းထန်​နေရကာ အသက်ရှူမှားမတတ်ပင် ။ မည်သို့ပင်ဆို​စေ သူသည် ​သေကံမ​ရောက်ဘဲ အသက်​ဘေးမှ သီသီ​လေး လွှတ်လာနိုင်​သေးသည်ပင် ။

" အဆင်​ပြေရဲ့လား "

ဂျွန်​ဂျောင်းဂုအား မြင်​သော် သူသည် ​စိတ်တင်းထားသမျှ ​လျော့ချကာ ​ခေါင်းခါပြလိုက်သည် ။

" အခု အကုန်အဆင်​ပြေသွားပါပြီ "

ဂျွန်​ဂျောင်းဂုသည် သူ့၏စိုးထိတ်​နေဆဲဖြစ်သည့်မျက်ဝန်းအစုံတို့အား စိုက်ကြည့်ရင်း နှစ်သိမ့်​ပေးလာ၏ ။ ထို့​နောက် အင်္ကျီအတွင်းမှ လက်ကိုင်ပုဝါဖြူ​လေးအား ထုတ်ယူလာပြီး​သော် သူ့လက်​မောင်းရှိဒဏ်ရာထက်သို့ စည်း​နှောင်​ပေးလာ၏ ။

IN THE DARKNESSWhere stories live. Discover now