Episode [ 27 ]

227 33 28
                                    

ယ​နေ့ည၌ ထူးထူးဆန်းဆန်းဖြစ်စွာ သခင်ငယ်​လေးသည် ​သေရည်သွားယူခိုင်း​လေရာ ဂန်း​လေးသည် ခပ်မြန်မြန်ပင် အမြန်ယူ​ဆောင်လာ​ပေးလိုက်သည် ။ အ​ကြောင်းအရင်းကိုလည်း လျှာရှည်ပြီး မ​မေးလိုပါ​ချေ ။ ​​နေ့လယ်​လောက်က​တော့ ​ခေါင်း​ဆောင်ဂျွန်နှင့်အတူ ယုန်ဖမ်းပြီးပြန်လာရာ ​ဂျောင်းဂု( ၃ )လို့​ခေါ်သည့်ယုန်တစ်​ကောင်ကို ဖမ်းမိခဲ့ပြီးဖြစ်​သော်လည်း ​​ပျော်​နေပုံမရ​ပေ ။

စားပွဲခုံ​လေးထက်သို့ ​သေရည်အပြင် အမြည်းအ
နည်းငယ်ကိုပါ ပြင်ဆင်​ပေးထားလိုက်သည် ။ ဂန်း​လေးသည် အလိုက်တသိပင် ​သေရည်ငှဲ့​ထည့်​ပေးလိုက်သည် ။

မင်ယွန်းဂီသည် ​သေရည်တစ်ခွက်လုံးအား ​မော့​သောက်လိုက်ပြီး ဟင်းခနဲ မြည်​အောင် သက်
ပြင်းချမိ​ပေသည် ။ အရိပ်အကဲကြည့်​နေသည့်ဂန်း​လေးသည်လည်း ဘာမျှနားမလည်​လေရာ သူသည် ​သေရည်ကိုသာ ထပ်မံထည့်​ပေးလိုက်သည် ။ သခင်ငယ်​လေးက မြန်ဆန်စွာ တစ်ခွက်​သောက်ချလာသည် ။ အရသာကို​တောင်မှ ​သေ
ချာခံစားမိမည်မဟုတ်​ပေ ။ သူကလည်း လျင်သည့်အရှိန်ဖြင့် ပြန်ဖြည့်​ပေးသည် ။

" ဂန်း​လေး...သွား ခွက်တစ်ခွက်သွားယူပြီး ငါနဲ့အတူ​သောက်​ပေး ။ တစ်​ယောက်တည်း​သောက်ရတာ ပျင်းစရာကြီးကွာ "

အ​ကောင်းစား​သေရည်​သေရက်အား ​သောက်ရမည်ဖြစ်ရာ ဂန်း​လေးသည် ဖင်​ပေါ့စွာပင် ခွက်သွားယူ​တော့သည် ။

သခင်ငယ်​လေးက ငှဲ့ထည့်​ပေးလာရာ ခွက်အားတရိုတ​သေကိုင်​​မြောက်ရင်း လက်ခံလိုက်သည် ။ ထို့​နောက် သူသည် အ​ကောင်းစား​သေရည်အား အနံ့​မွှေးကြည့်ပြီး​သော် တစ်စိမ့်စိမ့်အရသာခံကာ​သောက်​တော့သည် ။ ​သောက်​နေကျ အရက်ကြမ်းများထက် သာ၍​ကောင်း​လေ၏ ။ သခင်ငယ်​လေး​ကြောင့်နှင့်ပန်းမာလာအရက်ကို ​သောက်ဖူးသည်မှာ နှစ်​ခေါက်ရှိပြီဖြစ်သည် ။ သူကသာ အရက်​ကောင်း​သောက်ရ၍ ​ပျော်​နေ​သော်ငြား သခင်ငယ်​လေးသည်​တော့ သက်ပြင်းများ အကြိမ်​ပေါင်းမနည်းချ​နေရာ ​မြေကြီးကွဲလုမတတ်​ပေ ။ ​သေရည်​လေးကလည်း ​လျော​လျောလျူလျူဝင်​နေရာ ဂန်း​လေးသည် ​​ထွေ​ထွေထူးထူးစဥ်းစားမ​နေဘဲ ​မေးမိ​တော့သည် ။

IN THE DARKNESSWhere stories live. Discover now