မင်းသား( ၄ )ထံမှ တစ်ချက်လွှတ်အမိန့်ထွက်လာပြီးနောက်ပိုင်း၌ မင်ယွန်းဂီလေး အပြင်သို့ထွက်လေတိုင်း လူတို့သည် မျက်နှာရှေ့တည့်တည့်ဖြတ်လျှောက်ရင်း အတင်းမတုပ်လာကြပါတော့ချေ ။ သို့ဆိုရာ နားအေးပါးအေးရှိလှပြီး စိတ်ပျော်ရွင်စရာပင် ။ ယုန်စာဝယ်ဖို့ရန်အတွက် အပြင်သို့ထွက်လာခဲ့ခြင်း ဖြစ်သော်ငြား စိတ်ကြည်နေသည့်အတွက် ဟိုဟိုဒီဒီပင် ပတ်ကြည့်နေမိသေးသည် ။
စိတ်အာရုံကိုဖမ်းစားသည့်လှတပတလေးများတွေ့လျင်လည်း ဆိုင်ထဲ ဝင်စပ်စုတတ်ပြီး ဟိုကိုင်ဒီကိုင်လုပ်ပြီးနောက် မဝယ်ဘဲ လှည့်ထွက်လာတတ်သည့်သခင်ငယ်လေးကြောင့် ဂန်းလေးသည်လည်း ခေါင်းကျိန်းမိရသည် ။
ဘယ်တော့ မိုးမွှန်အောင် ဆဲခံရမလဲ မသိ !
အဓိကသည် ယုန်စာဝယ်ရန်ဖြစ်ကြောင်း သတိပေးချင်သော်ငြား စိတ်ပျော်နေပုံရသည့်သခင်ငယ်လေးကြောင့် ဂန်းလေးခင်မျာ တိတ်တိတ်လေးသာ နေလိုက်တော့သည် ။
ယနေ့ စျေးထဲလှည့်ပတ်ရခြင်းအပေါ် သူ ပျော်မိသော်ငြား ချွဲယုံးထက်၏ အသံကို ကြားလိုက်ရသော် အပျော်တို့ ပျက်ရတော့သည် ။
" ယွန်းဂီ...တိုက်တိုက်ဆိုင်ဆိုင်ကို တွေ့တာပါလား "
နေ့တိုင်းနီးပါး အလေလိုက်နေသည့်ချွဲယုံးထက်နှင့် စျေးထဲမှာတွေ့ရခြင်းမှာ အံ့သြစရာမရှိပါချေ ။ ယခုလို သူ တစ်ခါတစ်လေလေး အပြင်ထွက်မှ ၎င်းနှင့်ထိပ်တိုက်တွေ့ရခြင်းကသာ စိတ်ပျက်စရာကောင်းလွန်းနေခြင်းသာ ။
" တွေ့တုန်းလေး ငါနဲ့လိုက်ခဲ့ပါလား "
" မလိုက်ဘူး "
ချွဲယုံးထက်က ထိုအချင်းအရာကို ခန့်မှန်းထားပြီးသည့်အလား အပြုံးမပျက်လာဘဲ ဖိတ်ခေါ်ပြန်သည် ။
" မင်းကလည်းကွာ အပြင်ရောက်တုန်းလေး လိုက်ခဲ့ခိုင်းတာကို လာပါကွာ ။ "
" မလိုက်ချင်ပါဘူးဆို ။ ယုန်စာဝယ်ပြီး ပြန်တော့မှာ "
" ယုန်စာဝယ်ဖို့ပဲ အပြင်ထွက်လာတာလား ။ မင်းဟာက မဟုတ်သေးပါဘူးကွာ "
YOU ARE READING
IN THE DARKNESS
Fanfictionဘဝကြီးကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းနေခဲ့သည့်သူ...ကံဆိုးမိုးမှောင်ကျပြီး အသက်အန္တာရာယ်နှင့်ဆိုင်သည့်မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့လိုက်ရပြီးနောက်... မတူညီကွဲပြားသည့်ကမ္ဘာသစ်တစ်ခုဆီမှာ ပြန်လည်ဝင်စားသွားခဲ့တယ် ။ နောက်ပြီးတော့ရော... " အရာအာ...