ချွဲယုံးထက်တစ်ယောက် သူ့အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားမှန်း မသိနိုင်ရာ မင်ယွန်းဂီသည် ရှိသမျှအားကုန်သုံးကာ တွန်းထိုးရုန်းကန်ပစ်လိုက်သည် ။ သို့သော်ငြား ထိုလူသည် တစ်ချက်မှဟန်ချက်ပျက်သွားခြင်းမရှိဘဲ လျင်မြန်သည့်အရှိန်ဖြင့် ဆက်သွားနေဆဲပင် ။
ထိုအခိုက် ပြင်းထန်သည့်လေပြင်းတစ်ခုသည် သူတို့နားသို့ ဖြတ်တိုက်လာခဲ့ခြင်းကြောင့် ချွဲယုံးထက်၏ ခြေလှမ်းတို့ ရပ်တန့်သွားခဲ့ကာ ထိုသူသည် ရှေ့တူရှုအား ထိတ်လန့်တွန့်ဆုတ်ဟန်တို့ဖြင့် ကြည့်ရှုလာ၏ ။
မင်ယွန်းဂီသည် မည်သည့်နေရာကနေထွက်ပေါ်လာမှန်းမသိလိုက်ရသည့် မျက်စိရှေ့မလှမ်းမကမ်းမှ နီညိုရောင်ဝတ်ယောကျာ်းအား တွေ့လိုက်ရသော် သူ၏စိတ်တို့၌ ဝေရခွဲရခက်ခြင်းများနှင့်အတူ စိုးရိမ်စိတ်တို့လည်း မြင့်တက်လာရ၏ ။
ဘယ်လိုကနေ ပေါက်ချလာတာ !
" ချန်းလေး...ချန်းလေး..."
ထိုလူသည် ဖြေးအေးစွာဖြင့် နာမည်တစ်ခုအား ခေါ်လာသော် ချွဲယုံးထက်၏ တစ်ကိုယ်လုံး သိသိသာသာပင် တုန်ရီလာခဲ့၏ ။
မင်ယွန်းဂီသည်လည်း ထိုတုန်ယင်မှုကို ခံစားသိရှိနေရကာ အခြေအနေမကောင်းမှန်း သိလိုက်ပါတော့သည် ။
" ဒါမှမဟုတ် ချွဲယုံးထက်လို့ ခေါ်ရမှာများလား "
" ခေါင်းဆောင်...ကျွန်တော် ကျွန်တော် "
ချွဲယုံးထက်သည် ဒူးထောက်ကျတော့မလိုပင် ။ သို့သော်ငြား သူသည် တင်းခံထားရင်း မင်ယွန်းဂီအား ပို၍တင်းကြပ်စွာ ဖက်ထားလိုက်သည် ။
" ပြောပါဦး ။ ဘယ်လိုဖြစ်လို့ မင်းလက်ထဲမှာ မင်ယွန်းဂီရှိနေရတာလဲ ဆိုတာ "
ဘာလား ! ထပ်ပြီး ငါ့ရန်သူပဲလား !
ရန်သူတစ်ယောက်ကိုတောင် မနိုင်ရာ နောက်ထပ်တစ်ယောက်ပါ ထပ်ပေါင်းလာမည်ဆိုပါက သူ ဒီကနေ့ အသက်ရှင်ဖို့ လမ်းမမြင်တော့ပေ ။ မင်ယွန်းဂီသည် ချွဲယုံးထက် လက်ထဲ၌ တီကောင်တစ်ကောင်လို ရုန်းကန်နေဆဲပင် ။
YOU ARE READING
IN THE DARKNESS
Fanfictionဘဝကြီးကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းနေခဲ့သည့်သူ...ကံဆိုးမိုးမှောင်ကျပြီး အသက်အန္တာရာယ်နှင့်ဆိုင်သည့်မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့လိုက်ရပြီးနောက်... မတူညီကွဲပြားသည့်ကမ္ဘာသစ်တစ်ခုဆီမှာ ပြန်လည်ဝင်စားသွားခဲ့တယ် ။ နောက်ပြီးတော့ရော... " အရာအာ...