Episode [ 30 ]

230 39 31
                                    

ဘူလ်ယုံးတပ်ဖွဲ့ ( ၁ ) သည် ဆေးကုသ​ဆောင်သို့ အ​ဆောတလျင် ရောက်ရှိလာပြီး ​မေ့​မြော​နေသည့်မင်ယွန်းဂီအား ကုတင်​ပေါ် လဲ​လျောင်း​​ပေးလျက် အလျင်အမြန် စစ်​ဆေး​စေလိုက်ရာ ကြီးကြီးမားမားဒဏ်ရာမရှိ​ကြောင်းသိသည်နှင့် ဂျွန်​ဂျောင်းဂုခင်မျာမှာ စိတ်​​​အေးသွားရ​လေပြီး ထိုခဏ​လေးအတွင်းပင် သူသည် ​လောကကြီးနှင့်အဆက်အသွယ်ပြတ်သွားရ​တော့၏ ။

အဖြစ်အပျက်မှာမြန်ဆန်လွန်းရာ ဘူလ်ယုံးတပ်သားများမှာ ​ကြောင်အမိကြပြီး သတိဝင်လာသည်နှင့် ​ခေါင်းနပန်းကြီးသွားကြကာ နတ်​ဆေးသမား​တော်များသည်လည်း အလုပ်ရှုပ်သွား​လေ​တော့၏ ။

မင်ယွန်းဂီ​ ပြန်လည်သတိရလာချိန်မှာ​တော့ ​တော်ဝင်​ဆေးကုသ​ဆောင်သို့ ​ရောက်ရှိ​နေသည်ကို သတိထားမိပြီး အ​တော်အတန် စိတ်သက်သာရာရသွားရ၏ ။

​တော်​သေးတယ် ။ ​တောထဲမှာ မဟုတ်လို့ !

သို့ဖြင့်ရာ သူသည် အခန်းတွင်း​​ဝေ့ကြည့်လိုက်​သော်လည်း သူမှတစ်ပါး တခြားသူမရှိပါ​ချေ ။ ​သူ့နည်းတူ ဒဏ်ရာရထားရသည့်ဂျွန်​ဂျောင်းဂုကိုလည်း မ​တွေ့​လေရာ စိတ်ပူပန်မိသွားရ​လေသည် ။

ထိုစဥ်ပင် အခန်းတွင်းသို့ ဝင်လာသည့်သမား​တော်ကို ​တွေ့သည်နှင့် သူသည် ကပျာကယာပင် လှမ်း​မေးမိ၏ ။

" ​ခေါင်း​ဆောင်ဂျွန်​ရော ? "

သမား​တော်​လေးခင်မျာ လန့်သွားရရှာ​သော်ငြား အ​ခြေအ​နေကို ခဏမျှ အကဲခတ်ပြီး​သော် ဖြေး​အေးစွာ ​ဖြေလာ၏ ။

" စိတ်မပူပါနဲ့ ။ သမား​တော်​ဂျောင် ကုသ​ပေး​နေတာမလို့ အမြန်ဆုံး သက်သာလာမှာပါ "

သို့ဆိုရာ သူ စိတ်​အေးရ​ပေသည် ။

" ​နေလို့မ​ကောင်းတဲ့​နေရာ​တွေများ ရှိသလား "

သူ့၏လက်​ကောက်ဝတ်ထက်မှ ​သွေး​ကြောကို စမ်းသပ်​နေရင်း သမား​တော်​လေးက ​မေးမြန်းလာသည် ။ ခန္ဓာကိုယ်နုန်းချိ​နေသည်ကလွဲ၍ နာကျင်သည့်တစ်​နေရာမှ မရှိ​​လေရာ သူသည် ခပ်သာသာပင် ​ခေါင်းခါပြလိုက်​၏ ။

" ဒါဆိုရင်​တော့ အဆင်​ပြေပါပြီ ။ ​ခေါင်းက ဒဏ်ရာ သက်သာသွားရင်​တော့ သခင်​လေး အိမ်ပြန်လို့ရပါပြီ "

IN THE DARKNESSWhere stories live. Discover now