နံနက်ခင်း မိဘများအား ဂါဝရပြုပြီး နံနက်စာစားသောက်ပြီးသည့်နောက် နန်းတော်သို့ပြန်သွားတော့မည့် အစ်ကိုကြီးကို မင်ယွန်းဂီလေး ခြံဝအထိ အတူလိုက်ပါပို့ဆောင်ပေးဖြစ်သည် ။ မင်ဆွန်းဝူသည် သူ၏အရိပ်အကဲကိုမကြာခဏကြည့်ရှုနေလေရာ တစ်စုံတစ်ရာပြောချင်နေသည့်ဟန်ပန်ပင် ။
" ကျွန်တော့်ကို ပြောစရာများရှိလို့လား "
သူ့အမေးကြောင့် အတန်ငယ်အံ့သြသွားသည့်အစ်ကိုကြီးသည် ဖြေးညှင်းစွာ ဆိုလာ၏ ။
" တကယ်တော့ ပြောစရာဆိုတာထက် တောင်း
ပန်ချင်တာပါ ။ "" ဘာကိုလဲ "
မင်ယွန်းဂီသည် လှမ်းလက်စခြေလှမ်းကိုရပ်ကာ နားမလည်စွာ မေးမိသည် ။
မင်ဆွန်းဝူက သူ့အား အင်မတန် အားနာသည့်မျက်နှာထားဖြင့် ကြည့်လာသည် ။
" ယွန်းလေး မလုပ်ချင်တာကို လုပ်ခိုင်းရလို့လေ ။ အစ်ကိုကြီး သိပါတယ် ။ ဒီစေ့စပ်ပွဲကို ယွန်းလေး သဘောမတူဘူးဆိုတာ ။ အမေတို့ကြောင့် လက်ခံလိုက်ရတာ မဟုတ်လား ။ အဲ့အတွက် အစ်ကိုကြီး စိတ်မကောင်းဖြစ်မိလို့ပါ ။ "
" ကျွန်တော်က အမေတို့ကြောင့် လက်ခံရသလိုပဲ အမေတို့ကလည်း တော်ဝင်အမိန့်ကို မလွန်
ဆန်ရဲဘဲ ။ "မင်ဆွန်းဝူသည် တွေတွေငေးငေးလေးသာ ကြည့်လာရင်း ဆက်မပြောလာချေ ။
" ထားပါတော့လေ ။ အရာအားလုံးက ကောင်းဖို့ဖြစ်လာတာပဲ နေမှာပါ ။ "
မင်ယွန်းဂီသည် စိတ်လျော့ထားဟန် အကောင်းဖက်မှ လှည့်တွေးကာ ပြောလိုက်သည် ။
" အစ်ကို မသိခဲ့ဘူး ။ ခေါင်းဆောင်ဂျွန်က ယွန်းလေးကို သဘောကျနေတယ်ဆိုတာ ရိပ်မိပေမယ့် ဒိီလောက်အလေးအနက် စိတ်ထဲထားမယ်လို့ မထင်ခဲ့ဘူးလေ ။ ဒါနဲ့ ယွန်းလေးကို ဖွင့်ပြောဖူးလား "
" ပြောဖူးတယ်ဆိုပေမယ့် ကျွန်တော်က စနောက်တယ်ထင်ခဲ့တာ ။ အမှန်တိုင်းပြောရရင် ကျွန်တော်လည်း မထင်ခဲ့ဘူးလေ ။ သူက တွေ့တိုင်း စနောက်နေတာဆိုတော့ အတည်လို့ ဘယ်ထင်ပါ့မလဲ ။ "
YOU ARE READING
IN THE DARKNESS
Fanfictionဘဝကြီးကို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းနေခဲ့သည့်သူ...ကံဆိုးမိုးမှောင်ကျပြီး အသက်အန္တာရာယ်နှင့်ဆိုင်သည့်မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့လိုက်ရပြီးနောက်... မတူညီကွဲပြားသည့်ကမ္ဘာသစ်တစ်ခုဆီမှာ ပြန်လည်ဝင်စားသွားခဲ့တယ် ။ နောက်ပြီးတော့ရော... " အရာအာ...