Episode [ 7 ]

317 46 24
                                    

" ငါတို့ကို လှည့်စားနေကြတာ ။ အကုန်လုံးကို စည်းကမ်းဖောက်ဖျက်မှုနဲ့ ရုံးတော်ပို့လိုက်ကြချေ "

​ထိုအမိန့်ကြားသည်နှင့်မြေပြင်ပေါ်ရှိလူနှစ်ယောက်ကုန်းရုန်းထ​ပြေးတော့လေသည် ။ ရဲမက်တွေမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီး ပြေးလိုက်ရကောင်းဟု တွေဝေနေစဥ်မှာပင် လူမိုက်ခေါင်းဆောင်မှာလည်း အတင်းတိုးတိုက်ကာဖြင့် ပြေးထွက်သွားတော့သည် ။

" မင်းတို့သုံးယောက် သူတို့နောက်ကို လိုက်သွားချေ ။ "

ရဲမက်ခေါင်းဆောင်၏ အမိန့်ကြောင့် ရဲမက်သုံးယောက်မှာ လျင်မြန်စွာပင် ပြေးလိုက်သွားတော့
သည် ။ ယနေ့သည် မိစ္ဆာကို အမိဖမ်းရမည့်နောက်ဆုံးရက်ဖြစ်သော်ကြောင့်သူတို့မှာ မည်သည့်ပြဿနာမှ မဖြစ်ချင်သော်လည်း စည်းကမ်းမရှိသည့်လူများကြောင့် ပြဿနာတစ်ခုတော့တက်သွားရပြီ ဖြစ်သည် ။ တော်သေးသည်မှာ မိစ္ဆာနှင့်မတွေ့လာခဲ့ခြင်းပင် ။ ထိုလူတွေကိုလက်ရဖမ်းမိဖို့သာ လိုပေသည် ။ သို့မှသာလျှင် အပြစ်ပေါ့လိမ့်မည်ပင် ။

မင်ယွန်းဂီမှာ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သည် ။ ရောက်နေသည့်နေရာမှာ သစ်ပင်ကြီးများဖြင့် ပြည့်နှက်နေပေသည် ။ ခန္ဓာကိုယ်မှာလည်း အတန်ငယ်နာကျင်နေပြီး အရေပြားပေါ်၌ ခြစ်ရာလေးများလည်း ရှိနေပေသည် ။ မင်းယွန်းဂီမှာ သူ့ရှေ့ရှိ ချုံပုတ်ကြီးနှင့် ဘေးပတ်ပတ်
လည်ရှိ သစ်ပင်ကြီးများကြောင့် မည်သည့်နေရာမှန်း သိသွားရတော့သည် ။

အဲ့တာ...ဟိုတားမြစ်ထားတဲ့တောင် မဟုတ်လား !

ဖက်ခ် ! ခွေးကောင်က ငါ့ကို ဒီမှာ လာပစ်သွားတာပဲဟ !

သေစမ်း ! မြန်မြန်ပြန်ထွက်မှ မဟုတ်ရင် မိစ္ဆာရဲ့ညစာဖြစ်သွားလိမ့်မယ် !

မင်ယွန်းဂီမှာ ကုန်းရုန်းထလိုက်ပြီး ​ချုံပုတ်ထဲကနေ ထွက်လာလိုက်ပေမယ့် မည်သည့်နေရာသို့သွားရကောင်းမှန်း မသိပါချေ ။ နေ့ခင်းက အဖမ်းခံရပြီး အခု ညနေစောင်းလုနီးပါး ဖြစ်နေပြီ ဖြစ်သောကြောင့် အချိန်အတော်ကြာနေပြီ ဖြစ်သည် ။

IN THE DARKNESSWhere stories live. Discover now