Episode [ 6 ]

298 48 7
                                    

ဂန်းလေးမှာ ထိုကြမ်းတမ်းသည့်မြင်ကွင်း​ကို တစ်ချက်မျှ ကြည့်လိုက်ပြီး မျက်နှာကို အရှေ့သို့သာလှည့်ထားရင် ဖြေလိုက်သည် ။

" သခင်ငယ်လေး...ကျွန်တော်တို့ အစောင့်တစ်ယောက်ပဲ ခေါ်လာတာလေဗျာ ။ ရပ်မနေဘဲ မြန်မြန်သွားရအောင်လေနော် "

ဟုတ်သားပဲ ။ မုန့်ဝယ်ရုံလေးဆိုပြီး တစ်ယောက်
တည်းခေါ်လာခဲ့တာ ။

ဒါပေမယ့် အဲ့မိန်းကလေး သနားပါတယ် ။

ဘယ်သူကို အကူအညီတောင်းရပါ့ ။

ဟိုဟိုဒီဒီကြည့်လိုက်သော်လည်း ပတ်ဝန်းကျင်၌ အားကိုးလို့ရမည့်လူတစ်ယောက်ကိုမှ မတွေ့ပေ ။ ဖြတ်သွားဖြတ်လာလူတွေမှာ ခပ်သွက်သွက်ပင် ထိုအချင်းအရာကို ကျော်ခွသွားကြတော့
သည် ။

ကြည့်ရတာ လူမိုက်ခေါင်းဆောင်တွေလား မသိဘူး ။

​ထိုကဲ့သို့ စဥ်းစားနေစဥ်မှာပင် ထိုလူသုံးယောက်ထံမှ အသံထွက်လာသည် ။

" ဟေး...ဘာကြည့်နေတာလဲ ။ ဘာလဲ ။ ဒီကောင်မကို ကယ်ချင်လို့လား "

လူမိုက်တစ်ယောက်က မိန်းကလေး၏ဆံပင်ကို ဆွဲဆောင့်လိုက်သောကြောင့် ထိုအမျိုးသမီးခင်မျာမှာ မျက်နှာရှုံမဲ့သွားခဲ့ပြီး သူထံသို့ အကူအညီတောင်းသလိုလေး ကြည့်လာသည် ။

" ဒီက သခင်လေး လိုချင်ရင် ပေးနိုင်ပါတယ် ။ အရင်ဆုံး သူ ကျွန်တော်ဆီက ယူထားတဲ့အကြွေးတွေကို ဆပ်ပေးရင် အပိုင်သာ ယူသွားပါဗျာ "

" သူ့အကြွေးက ဘယ်လောက်မို့လို့လဲ "

" ငွေစ ၁၀၀ "

မင်ယွန်းဂီလေးမှာ ဂန်းလေးကို ကပ်တိုးလေး မေးလိုက်သည် ။

" အဲ့လောက်ပါလာလား "

ဂန်းလေးမှာ လျှာသွားရှည်နေသည့်သခင်ငယ်လေးကြောင့် ငိုချင်မိရတော့သည် ။

" အဲ့လောက်အများကြီး ဘယ်လိုလုပ်ပါမှာလဲလို့ ။ သွားကြရအောင်ပါ ။ သူတို့ကိစ္စ သူတို့ ရှင်းပါစေနော် "

မင်ယွန်းဂီမှာ ထိုလူကို လှည့်ကြည့်လိုက်ပြီး ခပ်တင်းတင်းဆိုလိုက်သည် ။

IN THE DARKNESSWhere stories live. Discover now